DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၂၀၁၉ ခုနှစ်အတွင်း အမှုကြီးဖြစ်ပွားမှု ၁၀၀ ကျော် လျော့နည်း
DVB
·
January 8, 2020
ဧရာဝတီတိုင်းတွင် ၂၀၁၉ ခုနှစ်အတွင်း အမှုကြီးဖြစ်ပွားမှု ၁၀၀ ကျော် လျော့နည်း
Donate to DVB

ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှု အရင်နှစ်ကထက် အမှုကြီး ၁၀၀ ကျော်  လျော့နည်းသွားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ 

၂၀၁၈ ခုနှစ်က မှုခင်းဖြစ်ပွားမှု အမှုကြီး ၄၆၀ နီးပါးထိရှိခဲ့ပြီး  ၂၀၁၉ ခုနှစ်မှာတော့ အမှုကြီး ၃၅၀ ကျော်သာ ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်းမှာ  အမှုကြီး ၃၅၂ မှု၊ အခြားမှု ၆၇၀၄ မှု နဲ့ ကြိုတင်ကာကွယ်မှု ၄၇၃၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မှုခင်းဖြစ်ပွားတာတွေ လျော့နည်းလာအောင် မှုခင်းဖြစ်ပွားမှု လျော့နည်းရေး စီမံချက်တွေ၊ မှုခင်းအသိပညာပေး ဟောပြောမှုတွေ၊ မှုခင်းမဟာဗျူဟာ စီမံချက်တွေရေးဆွဲပြီး ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ 

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013