Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂါနာသံအမတ်ကြီးနှင့် တွေ့ဆုံ
DVB
·
January 7, 2020
82024455_1804228316378043_8636702692749606912_o
82017056_1804228489711359_1827517354771218432_o
81559829_1804228356378039_7768051226490437632_o
81552291_1804228266378048_6632228892927066112_o
81481909_1804228426378032_8810028185333792768_o
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂါနာနိုင်ငံသံအမတ်ကြီး အာကူရာ ဆီကီဝါ အာဟန်ကော်ရာနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊  ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီး အာကူရာ ဆီကီဝါ အာဟန်ကော်ရာအား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံစဉ် မြန်မာ-ဂါနာနှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ပညာရေးနဲ့ အသက်မွေး ဝမ်းကျောင်း ပညာရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024