DVB Logo
Home
သတင်းတို
ကာကွယ်ရေးဝန်ကြီးဌာနက စီမံကိန်းဥပဒေကြမ်း ပြန်ရေးဆွဲတင်ပြမည်
DVB
·
February 18, 2013
ကာကွယ်ရေးဝန်ကြီးဌာနက စီမံကိန်းဥပဒေကြမ်း ပြန်ရေးဆွဲတင်ပြမည်
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတဲ့ ၂၀၁၃-၁၄ စီမံကိန်း ဥပဒေကြမ်းဟာ ယေဘုယျသဘောလောက်ပဲပါပြီး ဘာအချက်အလက်မှ မယ်မယ်ရရ မရှိဘူးလို့ လွှတ်တော်အမတ် ၅ ဦးက ဝေဖန်ခဲ့တဲ့အတွက် ပြန်ရေးဆွဲပြီး တင်ပြမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ကာကွယ်ရေးဒုဝန်ကြီးက ၂၀၁၃-၁၄ စီမံကိန်းမူကြမ်းတင်မက ၂၀၁၁-၂၀၁၆ အထိ သက်ရောက်မယ့် ၅ နှစ်စီမံကိန်း မူကြမ်းကိုပါ ပြန်ရေးဆွဲပြီး စီမံကိန်းဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော်က အစိုးရရဲ့ အာမခံချက်နဲ့ ကတိများ စောင့်ကြည့်ရေးကော်မတီနဲ့ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီကိုပါ ပေးပို့ပါမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ အစိုးရဘတ်ဂျက် တခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းကျော် သုံးစွဲမှာ ဖြစ်ပေမယ့် စီမံကိန်းမူကြမ်းမှာတော့ စာ ၁ မျက်နှာပဲ ရေးသားထားတဲ့အတွက် ဆွေးနွေးမယ့်သူတောင် မရှိဘူးလို့ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဒွဲဘူကလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေး ဒုဝန်ကြီးကတော့ သူတို့ပြင်ဆင်ရေးဆွဲမယ့် ၂၀၁၃-၁၄ စီမံကိန်း မူကြမ်းမှာ မူဝါဒ ၂ ရပ်၊ ရည်မှန်းချက် ၃ ရပ်၊ မူဝါဒနဲ့ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၂၆ ခု၊ ၂၀၁၁-၁၂ ကနေ ၂၀၁၅-၁၆ အထိ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၅ နှစ်စာ စီမံကိန်းမူကြမ်းမှာတော့ မူဝါဒ ၂ ရပ်၊ ရည်မှန်းချက် ၃ ရပ်၊ မူဝါဒနဲ့ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၂၆ ခု ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013