DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် လျှပ်စစ်ဒယ်အိုးမှတဆင့် နေအိမ်မီးလောင်၊ လူ ၁ ဦးသေဆုံး 
DVB
·
January 7, 2020
တောင်ကြီးတွင် လျှပ်စစ်ဒယ်အိုးမှတဆင့် နေအိမ်မီးလောင်၊ လူ ၁ ဦးသေဆုံး 
1 / 5
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒီကနေ့မနက်က လျှပ်စစ်ဒယ်အိုး အပူလွန်ကဲမှုဖြစ်ရာက မီးလောင်မှုဖြစ်ပွားပြီး လူ ၁ ဦး သေဆုံးပြီး နေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်  မနက် ၁၀ နာရီကျော်က တောင်ကြီးမြို့ ကန်အောက်ရပ် သစ္စာလမ်းထဲမှာ မီးလောင်မှုဖြစ်ပွားကြောင်း သိရတဲ့အတွက်  မီးသတ်ကား ၁၀ စီးနဲ့အတူ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး အနီးနားဝန်းကျင်ကို ကူးစက်လောင်ကျွမ်းမှုမရှိပေမယ့် လူ ၁ ယောက်တော့ မီးထဲပါသွားတယ်လို့ တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ ခရိုင်မီးသတ်တပ်ဖွဲ့ရော၊ မြို့နယ်မီးသတ်ရော စုစုပေါင်း ကား ၁၀ စီးနဲ့ သွားငြိမ်း ကြပါတယ်။ ရဲလည်းပါတယ်၊ စစ်တပ်ရော ကြက်ခြေနီရောပါတယ်၊ လုံးချင်းတထပ်အိမ်ပါ၊ မနက် ၁၁ နာရီကျော်မှာ မီးငြိမ်းသွားတယ်။ ဖြစ်စဉ်က အဲဒီမှာ လျှပ်စစ်ဒယ်အိုးတည်ထားတာပေါ့နော်။ အဲဒီကနေ အပူလွန်ကဲပြီးလောင်တာလို့ သိရတယ်။ မီးလောင်တော့ အိမ်ထဲမှာ မောင်နှမ ၄ ယောက်ပိတ်မိနေတာ။ ၁ ယောက်က သေဆုံးပြီး နောက် ၁ ယောက်က မူးလဲသွားတယ်။ ပစ္စည်းဆုံးရှုံးမှုအခြေအနေက ၁၅ - ၃၀ ပေ သွပ်မိုးပျဉ်ကာ တထပ်နေအိမ် ၁ လုံး၊ အပ်ချုပ်စက်က ၂ လုံး စုစုပေါင်းတန်ဖိုး ကျပ် ၃ သိန်းခွဲလို့ သတ်မှတ်ပါတယ်ခင်ဗျ။”

မီးလောင်မှုကြောင့် အဆိုပါ နေအိမ်မှာနေထိုင်သူ ဒေါ်ခင်သီတာကို တောင်ကြီးမြို့ နယ်ရဲစခန်းက  မီးပေါ့ဆမှုနဲ့ အရေးယူတရားစွဲသွားမယ်လို့ ဆိုပါတယ်။ 

မီးလောင်ရာမှာ သွားရောက်ကူညီခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးက “မီးခိုးတွေအူနေလို့ ကျနော်တို့ရောက်လာတယ်။ အဲဒီအချိန်မီးသတ်ကားလည်း ရောက်လာတယ်။ ဒါပေမဲ့ မီးတောက်က ကြီးနေတဲ့ခါကျတော့ တိုးလို့မရဘူး။ လူ ၄ ယောက်ရှိတယ်ဆိုတဲ့ အသံတော့ကြားတယ်။ ဒါပေမယ့် အလယ်မှာ မီးတောက်ကြီးဖြတ်နေတော့ ကယ်လို့မရဘူး။ သေတဲ့ကလေးက မသန်မစွမ်း၊ ဆွံ့အနားမကြားလည်း ဖြစ်နေတော့လေ၊ မီးသတ်တပ်ဖွဲ့ကတော့ ဆယ်မိနစ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။”

သေဆုံးသူမှာ အသက် ၂၈ နှစ်ရွယ်ရှိ မောင်ဂျီဂဲ ခေါ် မောင်သက်‌ဝေဆိုသူဖြစ်ပြီး ပိုလီယိုရောဂါ ‌ဝေဒနာရှင် ၁ ဦးဖြစ်ကြောင်း၊ မီးခိုးမွှန်မေ့လဲသွားသူ မဆူရီယာ (၂၂) နှစ်ကိုတော့ ကယ်ဆယ်ရေး အဖွဲ့က စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဓာတ်ပုံ - Frankie

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013