DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်မိုးအောင်ရင်အမှု ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမည်
DVB
·
January 7, 2020
သရုပ်ဆောင်မိုးအောင်ရင်အမှု ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမည်
Donate to DVB

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်အမှုကို ရန်ကင်းမြို့နယ် တရားရုံးက နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program)အရ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၇ ရက်က ရန်ကင်းမြို့နယ်တရားရုံးတွင် မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို ဇန်နဝါရီ ၇ ရက်နေ့ရုံးချိန်းက တတိယအကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး၊ လာမည့် ဇန်နဝါရီ ၁၇ ရက်မှာ ပြန်လည်ချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က မိုးအောင်ရင်အမှုကို ကျပ်သိန်း ၁၀၀ နဲ့ အာမခံရရှိခဲ့ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူက ကာမလိမ်လည်မှုနဲ့ နို၀င်ဘာ ၂၂ ရက်က ရန်ကင်း မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး ရန်ကင်းမြို့နယ် တရားရုံးက တရားလို မခင်မြတ်နိုးအား ရာဇ၀တ်ကျင့် ထုံးဥပဒေပုဒ်မ ၂၀၀ ဖြင့် စစ်ဆေးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ နဲ့ အမှုအား ဆက်လက်စစ်ဆေးသွားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ရန်ကင်းမြို့နယ် တရားရုံးက လက်ခံစစ်ဆေးမယ့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှုပုဒ်မတခုဖြစ်ပြီး အာမခံရရှိနိုင်ကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်မျိုးစလုံး ဖြစ်စေ ချမှတ်နိုင်တာလည်းဖြစ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013