Home
မြန်မာသတင်း
မတ်လနောက်ဆုံးပတ် စာမေးပွဲစစ်ဆေးမှုကို ကန့်ကွက်ကြောင်း မကွေးဗကသ ကမ်ပိန်းပြုလုပ်
DVB
·
January 7, 2020
82227406_10220715163019298_1824655051126210560_o
81730100_10220715162899295_5443875956827619328_o
81728762_10220715169019448_1180099104173195264_o
81697862_10220715164419333_1588294668590776320_o
81465122_10220715168259429_3297017789209903104_n
အတန်းငယ်တွေကို မတ်လ နောက်ဆုံးပတ် စာမေးပွဲစစ်ဆေးတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အနေနဲ့  မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်က ဒီနေ့ မနက် ၈ နာရီခန့် ထိန်လင်းဆောင်ရှေ့မှာ ကမ်ပိန်းတခု ပြုလုပ်ခဲ့ပါတယ်။ ဦးဆောင်ပြလုပ်တဲ့ မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်  တွဲဖက်အတွင်းရေးမှူး ကိုကျော်ဇင်ဝင်းက “မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော်က ၂၀၁၉ ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ အခြေခံပညာအတန်း အသီးသီးရဲ့ ကျောင်းတွင်းစစ် စာမေးပွဲတွေကို တက္ကသိုလ်ဝင်တန်း ပြီးဆုံးတဲ့အချိန်တွင် စစ်ဆေးရမယ်လို့ ညွှန်ကြားချက်ထုတ်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီညွှန်ကြားစာကို သဘောတူ လက်မခံနိုင်ကြောင်းကို မြန်မာနိုင်ငံအခြေခံပညာရေးက ကျောင်းဆရာ/ဆရာမ အားလုံးနဲ့ ပညာရေးဝန်ထမ်းတွေက ကန့်ကွက်ငြင်းဆန်တဲ့ သဘောထားတွေကို ထုတ်ဖော်ပြသခဲ့ ပါတယ်။ ဒီနေ့လုပ်ရတဲ့ ကမ်ပိန်းကလည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ ညွှန်ကြားစာကို ပြန်လည်ပယ်ဖျက်ပေးဖို့နဲ့ အခြေခံပညာရေးက ဆရာဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ ဆန္ဒသဘောထားနဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့အတွက် ကျနော်တို့က အလေးအနက်ထား တောင်းဆိုတဲ့အနေနဲ့ ကမ်ပိန်းပြုလုပ်ရတာပါ”လို့ ပြောပါတယ်။ မကွေးပညာရေးကောလိပ်ဝိဇ္ဇာတန်းခွဲ ၃ မှာ ပညာသင်ကြားနေတဲ့ ကိုထက်ကျော်လင်းက “ဒီနေ့ ကမ်ပိန်းလုပ်ရတဲ့အကြောင်းအရင်းက အတန်းငယ်လေးတွေကို မတ်လ နောက်ဆုံး အပတ်မှာ စာမေးပွဲဖြေရမယ်ပေါ်။ စာမေးပွဲဖြေရမယ့်အပေါ်ကို သက်ဆိုင်ပညာရေးတက္ကသိုလ်တွေ၊ ပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီရယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမ အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့ရယ်၊ MDF ရယ်က အဆင်မပြေကြောင်း ကန့်ကွက်စာ ဝန်ကြီးဌာနကို စာတင်ထားတယ်။ စာတင်ထားတဲ့ကြားက ကျနော်တို့ရဲ့ အဆင်မပြေမှုတွေကို လစ်လှုရှု့နေ တယ်လို မြင်တဲ့အတွက် စတစ်ကာကမ်ပိန်းပြုလုပ်ရတာပါ။ ကမ်ပိန်းနဲ့မှ အဆင်မပြေဘူး၊ ဝန်ကြီးဌာနအနေနဲ့ ဆက်လက်ပြီးတော့ ကျနော်တို့ရဲ့ အဆင်မပြေမှုတွေကို လစ်လျူ ရှု့နေမယ်ဆိုရင် ကျနော်တို့က ဒီထက်ပြင်းထန်တိုက်ပွဲတွေနဲ့ ဆက်လက်ဆင်နွှဲသွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။ ဒီနေ့ပြုလုပ်တဲ့ကမ်ပိန်းမှာ ပညာရေးကောလိပ်ကျောင်းသားကျောင်းသူ ၅၉၃ ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာတဲ့ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပန်းဖလက် ၆၄၀ နဲ့ စတစ်ကာ ၆၄၀ ဖြန့်ဝေပေးခဲ့တယ်လို့     မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်ထံက သိရပါတယ်။ တင်ရွှေ(မင်းဘူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024