DVB Logo
Home
သတင်းတို
ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းလုပ်လိုသူ ၉၁ ဦး လျှောက်ထား
DVB
·
February 18, 2013
Donate to DVB

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီ ၂ နေရာအတွက် တင်ဒါခေါ်ယူခဲ့ရာမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီ အုပ်စု ၉၁ ခုက လာရောက်လျှောက်ထားခဲ့ကြောင်း တင်ဒါ ရွေးချယ်ရေးကော်မတီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လာရောက်လျှောက်ထားသူတွေထဲမှာ ပြည်တွင်းကုမ္ပဏီတွေအပြင် အာရှ၊ အမေရိက၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာဖရိကနဲ့ အခြား နိုင်ငံတကာကုမ္ပဏီတွေ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ မိုဘိုင်းတယ်လီဖုန်းနဲ့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီ ၄ ခု ခွင့်ပြု ပြိုင်ဆိုင်ခိုင်းမယ်လို့ ကြေညာထားပါတယ်။ အဲဒီ ကုမ္ပဏီ ၄ ခုအနက် မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ကို လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး အခြား လုပ်ငန်း ၂ နေရာအတွက် ပြည်တွင်းနဲ့ ပြည်ပကနေ လုပ်ကိုင်လိုပြီး စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို အဆိုပြုလွှာ ခေါ်ယူထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013