DVB Logo
Home
မြန်မာသတင်း
၈၈ ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ် ကုလလူ့အခွင့်အရေးညီလာခံ တက်ရောက်မည်
DVB
·
February 18, 2013
၈၈ ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ် ကုလလူ့အခွင့်အရေးညီလာခံ တက်ရောက်မည်
Donate to DVB

ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ စည်းရုံးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဌေးကြွယ်ဟာ  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလကုန် ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဒေသတွင်းမဟာဗျူဟာ ဆွေးနွေးပွဲ တခုကို တက်ရောက်မှာပါ။

[caption id="attachment_28939" align="alignleft" width="150" caption="ဦးဌေးကြွယ်"][/caption]

ထိုင်းနိုင်ငံကနေတဆင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံ တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်တယ်လို့ ဦးဌေးကြွယ်က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးအခြေအနေတွေကို တခြားနိုင်ငံတွေမှာဖြစ်ပျက်နေတဲ့  လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီးလေ့လာလို့ ရနိုင်ပါတယ်။ ပြီတော့ လူ့အခွင့်အရေးချိုးဖောက်မှုများတဲ့ နိုင်ငံတွေမှာ ယူအန်ကနေပြီး စောင့်ကြည့်ကူညီနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။”

ဦးဌေးကြွယ်ဟာ လာမယ့် မတ်လထဲမှာ ဆွစ်ဇာလန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဆက်လက်သွားရောက်ဖို့ရှိပြီး အမေရိကန်ရောက် မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013