DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အစည်းအဝေး ကျင်းပ
DVB
·
January 7, 2020
အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အစည်းအဝေး ကျင်းပ
1 / 3
Donate to DVB

NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို နေပြည်တော်  Horizon Lake View   ဟိုတယ်မှာ ဒီနေ့ ကျင်းပနေပါတယ်။

အစည်းအဝေးမှာ PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က JICM  အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရားဝင် ပြန်လည်စတင်နိုင်ဖို့ အရေးပါတဲ့ အစည်းအဝေးဖြစ်တာကြောင့် အောင်မြင်အောင် ဆောင်ရွက်ဖို့လိုကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

“JICM အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်အဆင့် တရားဝင်ပြန်လည်စတင်နိုင်ဖို့ အရေးပါတဲ့အစည်းအဝေးဖြစ်လို့ နှစ်ဖက်လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်အောင် မိမိတို့အားလုံးမှာ တာဝန်ရှိကြပါတယ်။ တာဝန်ရှိတဲ့အတိုင်း အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်တယ်။”

ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ရာမှာလည်း လက်ရှိအခင်းအကျင်း၊ အခြေအနေအရပ်ရပ်နဲ့ လိုက်လျောညီထွေဖြစ်စေမယ် လုပ်ငန်းစဉ်တွေဖြစ်ဖို လိုအပ်ပြီး လက်တွေ့ကျတဲ့ ပကတိဖြစ်ရပ်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်ဖြစ်မှ အောင်မြင်မှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။ 

ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ တနှစ်ကျော်ကြာရပ်တန့်နေတဲ့ NCA သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ကျင်းပပြုလုပ်ကြမှာပါ။ 

အဲဒီအစည်းအဝေးဖြစ်ဖို့အတွက် အတော်ကြိုးစားခဲ့ရသလို အလွတ်သဘောတွေ့ဆုံမှုပေါင်း မြောက်များစွာပြုလုပ်ခဲ့ပြီး အခက်အခဲတွေကြားကနေ ကြိုးစားညှိနှိုင်းမှုတွေ လုပ်ခဲ့ရတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

အဲဒါကြောင့် မူဘောင်သဘောတူညီချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်ဖို့ အတွက် ၈ ရက်နေ့မှာ ကျင်းပမယ့် JICM အစည်းအဝေးက အရေးကြီးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013