DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များ ယခင်အတိုင်း စိတ်ချလက်ချနေနိုင်ရေး ကြိုးစားနေဟု ရခိုင်ဝန်ကြီးချုပ် ပြော
DVB
·
January 7, 2020
စစ်ဘေးရှောင်များ ယခင်အတိုင်း စိတ်ချလက်ချနေနိုင်ရေး ကြိုးစားနေဟု ရခိုင်ဝန်ကြီးချုပ် ပြော
Donate to DVB

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေ အရင်ကအတိုင်း စိတ်ချလက်ချ နေနိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာကြပြီး စစ်တွေမြို့ ဓမ္မရမ္မာ ဘုန်းတော်ကြီး၊ မင်းဂံဝိသစ္စဝါဒီ၊ ဗုဒ္ဓေါမော်စတဲ့  ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဇန်နဝါရီ ၆ ရက်နေ့က သွားရောက်တွေ့ဆုံရာမှာ ပြောဆိုတာပါ။

“ဖြစ်လာတော့လည်း ရင်ဆိုင်ရမှာပေါ့၊ ဖြေရှင်းရမှာပေါ့။ အားလုံးက အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ဖြစ်သွားရင်တော့ အကောင်းဆုံးပဲ။ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ အရင်ကအတိုင်းပဲ အေးအေးဆေးဆေး နေနိုင်အောင်၊ စိတ်ချလက်ချနဲ့ နေနိုင်အောင် တတ်နိုင်သမျှတော့ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ တနေရာတည်း တဦးတည်း မဟုတ်တော့ နေရာအနှံ့ကလည်း ဖြစ်နေတဲ့ အနေအထားတွေ ရှိတယ်ပေါ့။ ဒါတွေနဲ့ပတ်သက်လို့ နိုင်ငံတော် အကြီးအကဲတွေ၊ အားလုံးကလည်း ဝိုင်းဝန်းကြိုးစားပြီး ဆောင်ရွက်နေကြတယ်။

စစ်ဘေးရှောင်တွေဘက်ကတော့ စပါးရိတ်သိမ်းချိန် ရောက်လာပေမယ့် မရိုတ်သိမ်းနိုင်ဘဲ စပါးတွေကို ဒီအတိုင်းထားခဲ့ရတဲ့အတွက် အခက်အခဲဖြစ်နေတဲ့အတွက် အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ၄၀၀ နီးပါး ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းမှာ ရှိနေပြီး သောက်သုံးရေအပြင် တိုးချဲ့အဆောင်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ကိုလည်း တင်ပြခဲ့ပါတယ်။

စစ်ဘေးရှောင် ၄၀၀ ကျော်အတွက် ရခိုင်ပြည်နယ် ဘေးအန္တရာယ်ကနေတဆင့် လှူဒါန်းတဲ့ ဆန်အိတ် ၁၀၀ ကျော် ရိက္ခာတလစာ၊ ကျောင်းသုံးစာအုပ်တွေနဲ့ ကလေး ကစားစရာတွေကို ပြည်နယ်အစိုးရက ထောက်ပံ့ပေးခဲ့ပါတယ်။

တိုက်ပွဲလျှော့ချရေးနဲ့ပတ်သက်လို့ လုပ်ဆောင်နေတဲ့ အခြေအနေကို ဒီဗွီဘီက မေးမြန်းရာမှာ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ပြည်ထောင်စုအဆင့်ကနေ ကြိုစားနေတာရှိပြီ တိုက်ပွဲတွေ အမြန်ဆုံးရပ်စေချင်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုပါတယ်။

“တိုက်ပွဲလျှော့ချရေးနဲ့ပတ်သက်လို့တော့ နိုင်ငံတော်အဆင့်က လုပ်နေတာပေါ့။ ကျနော်တို့ဆီ ကတော့ အခုလို ဒုက္ခရောက်တဲ့သူတွေအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေရတဲ့ အနေအထားအပေါ့။ ကျနော်တို့လည်း တိုက်ပွဲတွေ အမြန်ဆုံး ရပ်စေချင်တဲ့ အနေအထားပေါ့။ ပြည်သူတွေကလည်း ဒါပဲ ဆန္ဒရှိတာပဲလေ။ ကျနော်တို့လည်း လုပ်နိုင်သလောက် လုပ်ပေးနေ ပါတယ်။ အဓိကကတော့ ပြည်ထောင်စုကပဲ လုပ်ရမှာပေါ့။”

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်လာပြီး ဖြစ်ပေမယ့် တိုက်ပွဲတွေ ရပ်စဲမသွားဘဲ တိုက်ပွဲအရှိန် တဖြည်းဖြည်းနဲ့ မြင့်တက်နေပါတယ်။ 

တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၁ သိန်းကျော်ရှိပြီဖြစ်ပြီး သေဆုံးတာ ၁၀၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၂၇၀ နီးပါး ရှိပြီလို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013