DVB Logo
Home
မြန်မာသတင်း
ကျောင်းတက်ရက် မပြင်ဆင်ပါက မဲရုံတာဝန်များမထမ်းဟု MTF ကြေညာ
DVB
·
January 6, 2020
Donate to DVB

ပညာရေးဝန်ကြီးဌာနအနေနဲ့ မတ်​လအကုန်​အထိ ​ကျောင်းတက်​ရက်သတ်​မှတ်​ချက်​ကို မပြင်​ဆင်​ပေးပါက​ ၂၀၂၀ ရွေး​ကောက်​ပွဲ​မဲရုံတာဝန်​နဲ့အပိုတာဝန်တွေကို ​ဆောင်​ရွက်​​မပေးဘူးလို့ မြန်​မာနိုင်​ငံလုံးဆိုင်​ရာဆရာဆရာမများအဖွဲ့ချုပ်​ (MTF) က ဇန်​နဝါရီ ၅ ရက်မှာ​‌ အတိအလင်း ကြေညာလိုက်ပါတယ်။

ကျောင်းတက်ရက် သတ်မှတ်ချက်ကို ပညာ​ရေးဝန်​ကြီးဌာနက ပြန်လည်​ဆွေး​နွေးသုံးသပ်​အ​ဖြေရှာတာ မပြုလုပ်​ပါက မဲရုံတာဝန်​လို မိမိတို့မူလတာဝန်​​တွေနဲ့ လုံးဝ မသက်​ဆိုင်​တဲ့ အပို​တာဝန်​​တွေကို ဥပ​ဒေနဲ့အညီ ငြင်းပယ်​ခြင်းအားဖြင့် ပြင်းပြင်းထန်​ထန်​ တုံ့ပြန်​သွားမယ်​လို့ ကြေညာချက်က ဆိုပါတယ်။ 

လက်ရှိရေးဆွဲထားတဲ့ သင်ရိုးသစ်သင်ခန်းစာတွေဟာ သတင်း ၃၆ ပတ်စာ ဖေဖော်ဝါရီလ ကုန်အထိသာ ရေးဆွဲထားတာဖြစ်ပြီး မတ်လကုန်အထိ စာသင်ရက် တိုးမြှင့်လိုက်တာဟာ ကျောင်းသားကျောင်းသူတွေရဲ့ ပညာကို ထူးခြားစွာ တိုးတက်လာမှာမဟုတ်ဘူးလို့ ကြေညာချက်မှာ ဝေဖန်ပြောဆိုထားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ စာသင်ရက် တိုးမြှင့်သတ်မှတ်ရတာနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းချက်ကို ဖြေကြားရာမှာလည်း တိကျခိုင်မာတဲ့ ပညာရေးသဘောတရား၊ မူဝါဒဆိုင်တွေကို မဖြေကြားခဲ့ဘဲ မိဘတွေ စီးပွားရေးအောင်မြင်အောင်  ဆောင်ရွက်နိုင်စေဖို့ ကျောင်းတွေကို မတ်လအထိ ဆက်ဖွင့်ထားရကြောင်းသာ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့  ဆရာ ဆရာမများ၊ မိဘများ၊ ကျောင်းသားကျောင်းသူတွေရဲ့ အခက်အခဲတွေကို လျစ်လျူရှုကာ အောက်ခြေသဘောဆန္ဒမပါဘဲ စာသင်ကာလ တိုးမြှင့်တာဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရာရောက်ပြီး ရွေးကောက်ခံ အစိုးရရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေတယ်လို့ MTF က ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ စာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်ဖို့  ဆုံးဖြတ်ချက်ကို မြန်​မာနိုင်​ငံလုံးဆိုင်​ရာ ဆရာဆရာမများအဖွဲ့ချုပ်​က ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ကန့်ကွက်ထားပါတယ်။

အခြေခံပညာ အတန်းအသီးသီးရဲ့ စာမေးပွဲတွေကို တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ ကျင်းပလေ့ရှိပြီး ကျောင်းပိတ်ရက်ကို မတ်လကနေ ဇွန်လအထိ ၃ လ သတ်မှတ်ထားပါတယ်။

 ပညာရေးဝန်ကြီးဌာနရဲ့ အခုနှစ် သတ်မှတ်ချက်အရ မတ်လကုန်အထိ ကျောင်းတက်ရပါက ကျောင်းပိတ်ရက် ၂ လသာ ရှိတော့မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013