DVB Logo
Home
မြန်မာသတင်း
ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် နှစ်ရက်ကြာကျင်းပမည်
DVB
·
January 6, 2020
Donate to DVB

အမရပူရမြို့နယ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံရဲ့ ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာနဲ့ ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ရက်ကန်းပညာရှင်တွေရဲ့ ဆန်းသစ်တီထွင်နိုင်မှုကို ဖော်ထုတ်ဖို့၊ ရက်ကန်းပညာရပ်တွေ ပြန့်ပွားစေဖို့၊ ရက်ကန်းကျောင်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ ရက်ကန်းလုပ်ငန်းတွေ တိမ်ကောပပျောက်မှု မရှိစေဘဲ စဉ်ဆက်မပြက်အောင်မြင်လာစေဖို့၊ အထည်ဒီဇိုင်းတီထွင်ဖန်တီးမှုတွေကို ပိုမိုအားပေးမြှင့်တင်စေနိုင်ဖို့၊ ဒီဇိုင်းမူပိုင်ခွင့် ဖြစ်လာစေရေး အားပေးကူညီဖို့၊ ကိုယ်ပိုင်ဖန်တီးထားတဲ့ ဒီဇိုင်းတွေကို တန်ဖိုးထားတတ်စေဖို့၊ ရက်ကန်းပညာ‌ရှင်တွေ ကျောင်းဆင်းတွေနဲ့ လုပ်ငန်းရှင်တွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို‌အားကောင်းလာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီပြပွဲကို ပြုလုပ်တာလို့ သိရပါတယ်။

ချည်မျှင်နဲ့ အထည်အလိပ် ဒီပလိုမာကျောင်းဆင်းတွေရဲ့ လက်ရာပြိုင်ပွဲ၊ ရက်ကန်းနဲ့ အသက်မွေးပညာသင်တန်းကျောင်းတွေက ကျောင်းဆင်းလက်ရာ ပြိုင်ပွဲတွေ၊ ပြင်ပရက်ကန်းပညာရှင် အဆင့်ပြိုင်ပွဲတွေအပြင် စက်ရက်ကန်းဒီဇိုင်းပြိုင်ပွဲ၊ လက်ရက်ကန်း ဒီဇိုင်းပြိုင်ပွဲတွေနဲ့ ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ကျင်းပမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ပြောပါတယ်။

"ပထမနေ့မှာ ပြိုင်ပွဲဝင်တွေရဲ့ အထည်ဒီဇိုင်းတွေကို နာမည်ကျော် ဒီဇိုင်နာတွေကချုပ်လုပ်ပြီးတော့ မန္တလေးမြို့မှာရှိတဲ့ မော်ဒယ်တွေက ဝတ်ဆင်ပြီး ပြသမယ့် ဖက်ရှင်ရှိုးပြိုင်ပွဲနဲ့ပြပွဲလေးကိုလည်း ကျင်းပပြုလုပ်ဖို့ရှိပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ရက်ကန်းကျောင်းတွေရဲ့ ကျောင်းဆင်းလက်ရာတွေကို ခင်းကျင်းပြသထားမယ့် အစီအစဉ်တွေ၊ လုပ်ငန်းရှင်တွေရဲ့ ဒီပြိုင်ပွဲ ကိုဝင်ပြိုင်ဖို့ ခင်းကျင်းပြသထားမယ့် အစီအစဉ်တွေရယ်၊ တနိုင်ငံလုံးမှာရှိတဲ့ ရက်ကန်းလုပ်ငန်းရှင်တွေ၊ ရက်ကန်းကျောင်းတွေကနေ ထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ခင်းကျင်းပြသရောင်းချမယ့် အစီအစဉ်တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ ဆုပေးပွဲနဲ့ပိတ်ပွဲအခမ်းအနားလေးကို ညနေပိုင်း ခြောက်နာရီခွဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။”

ဒီပွဲကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနဲ့ အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များ အသင်း(မန္တလေး)တို့ ပူးပေါင်းကျင်းပတာပါ။

ဒီပွဲတော်မှာ SSID က ထုတ်လုပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်၊အလှကုန်ပစ္စည်းတွေ မိတ်ဆက်ပ့သရောင်းချတာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ရိုးရာရက်ကန်းထုတ်ကုန်တွေကို ပြသရောင်းချမယ့် အစီအစဉ်တွေလည်း ပါဝင်မယ်လို့ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကနေ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013