DVB Logo
Home
မြန်မာသတင်း
မန္တလေးလေဆိပ်တွင် တရုတ်နိုင်ငံသားတဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
DVB
·
January 5, 2020
Donate to DVB

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရုတ်နိုင်ငံသားတယောက်ဆီကနေ မူးယစ်ဆေး ကျပ်သိန်း ၁၄၀၀ ကျော်ဖိုး ဖမ်းဆီးမိခဲ့ပါတယ်။

တံတားဦးမြို့နယ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မနေ့ညနေပိုင်းက ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ထွက်ခွာမယ့် ခရီးသည်တွေကို စစ်ဆေးရှာဖွေရာကနေ တရုတ်နိုင်ငံသား Mr. Yunan Chen ဆီက WY စာတန်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား အမြောက်အမြား ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတယောက်က “လေဆိပ်မှာဆိုတော့ စစ်ဆေးတာတွေ လုပ်တယ်၊ အဲဒီအခါမှာ မူးယစ်ဆေးဝါးတွေတွေ့တာပါ၊ တရုတ်နိုင်ငံသားတယောက်ပါ” လို့ ပြောပါတယ်။

Mr. Yunan Chen ရဲ့ ခရီးဆောင်အိတ်ထဲက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၅၀၀ ပါ ၁ ထုပ်၊ ၄၆၀၀ ပြားပါ ၁ ထုပ်၊ ၅၄၀၀ ပြားပါ ၁ ထုပ် နဲ့အတူ သယ်ဆောင်လာတဲ့ တခြားအိတ်ထဲက ဆေးပြား ၅၅၀၀ ပါ ၁ ထုပ်၊ ၃၆၀၀ ပြားပါ ၁ ထုပ်၊ ၅၂၀၀ ပြားပါ ၁ ထုပ် စုစုပေါင်း ၂၉,၈၀၀ ပြားကို သိမ်းဆည်းရမိခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ တရုတ်နိုင်ငံသား Mr. Yunan Chen ကို လေဆိပ်နယ်မြေရဲစခန်းမှာ (ပ)၁/၂၀၁၉၊ မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၉ (က) နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013