DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ကင်တာနား သွားရောက်လေ့လာ
DVB
·
February 15, 2013
ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ကင်တာနား သွားရောက်လေ့လာ
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ အချက်အလက်ရှာဖွေရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့  ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာတောမတ် အိုဟေး ကင်တားနားဟာ ဒီကနေ့ ကချင်ပြည်နယ်မှာ ရောက်ရှိနေပါတယ်။

မစ္စတာကင်နားနဲ့ အဖွဲ့ဟာ ဒီကနေ့ ညနေ ၃ နာရီလောက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လေယာဉ်နဲ့ရောက်ရှိ လာပြီး ပြည်နယ်အစိုးရ ၀န်ကြီးချုပ်၊ တာဝန်ရှိသူတွေအပါအ၀င်၊ ကချင် နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_36497" align="alignleft" width="150" caption="ဒေါက်တာတူးဂျာ"][/caption]

မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံထားရတဲ့ ဒေါက်တာတူးဂျာက လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာ ပြောပြချင်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ “လူ့အခွင့်အရေးချိုးဖောက်မှုတွေက အထူးသဖြင့် တောရွာတွေမှာ၊ စစ်သားများတဲ့ ကျေးရွာတွေမှာ များတယ်။ အတင်းပေါ်တာဆွဲတာတို့၊ အမျိုးသမီးတွေကို အတင်း အဓမ္မကျင့်တာတို့ ဒါတွေများတာပေါ့။ အစိုးရက ထိုးစစ်ဆင်နေတဲ့အချိန် စစ်ပွဲဖြစ်ချိန်ဆို ရွာထဲမှာ အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံရတာလည်း ရှိတယ်။ အခုလောလောဆယ်တော့ ငြိမ်နေတယ်။ ဒါပေမယ့် စစ်သားတွေရှိတဲ့နေရာတွေကတော့ တိုက်ပွဲမဖြစ်လည်း အနည်းနဲ့အများ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပေါ်နေတာပဲ။ ကျနော်ကတော့ နိုင်ငံရေးပိုင်းတင်ပြချင်တယ်။ ငြိမ်းချမ်းရေးရရှိရာ ရရှိကြောင်းတွေ။ ငြိမ်းချမ်းရေးမရမချင်း တိုက်ပွဲတွေဖြစ်နေရင် လူ့အခွင့်အရေးချိုးဖောက်မှုဟာလည်း တောက်လျှောက်ရှိနေမှာပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုလျော့နည်းဖို့က လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရမှဖြစ်မယ်။ ဒါကို ကျနော် ဦးတည်ပြီး ပြောမယ်။” လို့ ပြောပါတယ်။

မစ္စတာကင်တားနားဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကချင်ပြည်နယ်ကနေ ရန်ကုန်ကိုပြန်လာမှာဖြစ်ပြီး   သူ့ရဲ့ တပတ်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးရင်တော့ မြန်မာနိုင်ငံကနေ  ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ မြစ်ကြီးနားမှာ ညအိပ်ဖို့ရှိပြီး ကချင်စစ်ရှောင် ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကိုလည်း သွားရောက်လေ့လာဖို့ ရှိပါတယ်။

မစ္စတာကင်တားနားဟာ ဖေဖော်ဝါလ ၁၀ ရက်နေ့ကတည်းက အချက်အလက်ရှာဖွေရေး ခရီးစဉ် အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း  နေပြည်တော်မှာ အစိုးရပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်အကြီးအကဲတွေ၊ မြန်မာလူ့အခွင့်အရေးကော်မရှင်၊ ရခိုင်ဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်၊ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပြင် ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခဘေး ဒုက္ခသည်တွေနဲ့ ရန်ကုန် အင်းစိန်ထောင်ကိုလည်း သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီခရီးစဉ်က လေ့လာတွေ့ရှိချက်တွေ အပါအ၀င်   မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို  ၂၀၁၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီညီလာခံမှာ အစီရင်ခံ တင်ပြရမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013