DVB Logo
Home
မြန်မာသတင်း
မောင်းမကန်ကမ်းခြေ ဆောက်လုပ်ပြီးဆိုင်ခန်းများတွင် အခမဲ့စျေးရောင်းခွင့်ပေးမည်
DVB
·
January 3, 2020
မောင်းမကန်ကမ်းခြေ ဆောက်လုပ်ပြီးဆိုင်ခန်းများတွင် အခမဲ့စျေးရောင်းခွင့်ပေးမည်
1 / 4
Donate to DVB

ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရှိ DDPC ကုမ္ပဏီက မြေယာအသုံးပြုခွင့်ရထားတဲ့ မောင်းမကန်ဟိုတယ်ဧရိယာအတွင်း ဆိုင်ခန်းတွေ ဆောက်လုပ်ပြီး မောင်းမကန်ရွာမှာ နေထိုင်သူတွေအား အခမဲ့စျေးရောင်းချခွင့်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆိုင်ခန်းဆောက်လုပ်ဖို့ တင်ဒါခေါ်ထားပြီးပြီဖြစ်လို့ ရက်ပိုင်းအတွင်းဆောက်တော့မယ်လို့ ထား၀ယ်အများပိုင်းဖွံ့ဖြိုးတိုး တက်မှုကုမ္ပဏီလီမိတက် (DDPC) ဒုဥက္ကဋ္ဌ ဦးကျော်၀င်းက ပြောပါတယ်။

“ဖေဖော်ဝါရီလဆန်းလောက်မှာ စရောင်းခွင့်ပြုနိုင်မယ် မှန်းထားတယ်” လို့ ဦးကျော်၀င်းက ဆိုပါတယ်။

ဆိုင်ဖွင့်လှစ်ရောင်းချသူတွေ ရင်းနှီးငွေလိုအပ်ပါက DDPC ကုမ္ပဏီရဲ့ အသေးစားချေးငွေ ဌာနနဲ့ချိတ်ဆက်ပြီး ချေးငွေရရှိရေး ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

အဆိုပါဆိုင်ခန်းတွေမှာ မနက်ပိုင်းကနေ ည ၁၀ နာရီ၊ ၁၁ နာရီအထိ အစားအသောက်၊ အ၀တ်အစားနဲ့ ဒေသထွက်ကုန်ပစ္စည်းတွေ ရောင်းချခွင့်ပြုမယ်လို့ ဆိုပါတယ်။

အဆိုပါ DDPC Resort Public Market မှာ စျေးရောင်းချလိုသူတွေက ရောင်းချခွင့် အဆိုပြုလွှာဖြည့်စွက်ဖို့ ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဦးယုထွန်း (ရွှေရည်လင်း- ရတနာဆိုင်) ကို ပြန်လည်ပေးပို့ရမယ်လို့ သိရပါတယ်။

အိမ်ထောင်စုတစုကို အဆိုပြုလျှောက်လွှာတခုသာ လျှောက်ထားရမှာဖြစ်ပြီး ဆိုင်ခန်းငှားရမ်း ခွင့်ရသူဟာ တနှစ်သက်တမ်းရောင်းချခွင့်ရမှာဖြစ်ကာ နောက်နှစ်သက်တမ်းအတွက် ပြန်လည်မဲနှိုက်ရမယ်လို့ သိရပါတယ်။

ထား၀ယ်မြို့၊ ကမြေကင်းတံတားအနီးရှိ DDPC Shopping Centre အနောက်ဘက်မှာ လည်း ဆိုင်ခန်း ၁၁၀ ဆောက်လုပ်ပြီး အခမဲ့စျေးရောင်းခွင့်ပြုထားပါတယ်။

စျေးဆိုင်ခန်းငှားရမ်း ခပေးဆောင်စရာမလိုပေမယ့် ရေ အသုံးပြုခနဲ့လျှပ်စစ်မီးခကို တနေ့ကို ၁၀၀၀ ကျပ်ပေးရပြီး သန့်ရှင်းရေးခကို စျေးရောင်းသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီက စျေးနှုန်း သတ်မှတ်ပြီး ကောက်ခံတယ်လို့ စျေးသည်တွေက သိရပါတယ်။

မောင်းမကန်ကမ်းခြေမှာလည်း စျေးရောင်းချသူများအတွက် ရေခ၊ မီးခကို အခုအချိန်မှာ ကုမ္ပဏီက မသတ်မှတ်ရသေးဘူးလို့သိရပါတယ်။

မောင်းမကန်ကမ်းခြေမှာ DDPC ကုမ္ပဏီရဲ့ ဟိုတယ်ဧရိယာအတွင်း ၆၀ ဒသမ ၄၈ ဧကမှာ တလုံးခြင်းဟိုတယ်များ ဆောက်လုပ်ပြီးစီးနေပြီး အခန်း ၁၂၂ ခန်းရှိတယ်လို့ သိရပါတယ်။

သတင်း-တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013