DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ကြားဖြတ်သန်းခေါင်စာရင်း စတင်ကောက်ယူ
DVB
·
January 3, 2020
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း ခရိုင် ၁၀ ခုမှာ ကောက်ကွက်ပေါင်း ၄၉၉ ကွက်ကို စာရင်းစစ် ၇၃ ဦး၊ စာရင်းကောက် ၂၄၂ ဦးက တာဝန်ယူကာ ဇန်နဝါရီလ ၂ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ၂ ပတ်ကြာ ကြားဖြတ်သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီဖြစ်ပါတယ်။

ကြားဖြတ်သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက် ပြောင်းလဲမှုတွေကို နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (myanmar sustainable development plan - msdp) ကို အကောင်အထည်ဖော်ရာမှာ လိုအပ်နေတဲ့ အညွှန်းကိန်းများရရှိနိုင်ရေး အထောက်အပံ့ဖြစ်စေရန်၊ ၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ကြားဖြတ်လူဦးရေးသန်းခေါင်စာရင်း ကောက်ယူဖို့ လိုအပ်လာတဲ့အတွက် ကောက်ယူရတာလို့ တိုင်းလဝက ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက ပြောပါတယ်။

ကြားဖြတ်သန်းခေါင်စာရင်းကို စာရင်းကောက်ကွက်တကွက်မှာ အိမ်ထောင်စု ၃၅ စုပါရှိမှာ ဖြစ်ပြီး အခန်း ၁၂ ခန်း၊ မေးခွန်ပုံစံ ၁၁၀ ပါရှိပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ်က ၄၁ ချက်ပါ မေးခွန်းစာရွက်တွေနဲ့ ကောက်ယူခဲ့ပြီး အခုကြားဖြတ်ကောက်ယူရာမှာတော့ တက်ဘလက်တွေအသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု လူတဦးချင်း မေးမြန်းစာရင်းကောက်ယူတဲ့ စနစ် (Computer Assisted Personal Interviewing- CAPI)ကို အသုံးပြုနေတာဖြစ်ပါတယ်။ စာရင်းကောက်ယူရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အခက်အခဲမရှိဘူးလို့ ကောလင်းမြို့နယ် လဝက တာဝန်ရှိသူက ပြောပါတယ်။

"အခက်အခဲကတော့ ထွေထွေထူးထူးမရှိပါဘူး။ ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ကူညီကြတဲ့အတွက် အားလုံးအဆင်ပြေ ပါတယ်။ ပထမရက်မှာတော့ ကောလင်းမြို့ပေါ် ၂ ရပ်ကွက်ကို စကောက်နေပြီ။ ၁ ရပ်ကွက်ကို ၃၅ အိမ်ကောက်ရမှာ ၂၇ လောက်စီပြီးတယ်။ ၂၀၁၄ နဲ့ နှိုင်းယှဉ်ချက်တွေကတော့ အားလုံးပြီ်းမှပဲ သိနိုင်မှာပါ။"လို့ ကောလင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှုး ဦးရဲဇော်ဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းကို တိုင်းနှင့် ပြည်နယ် ၁၄ ခုမှာ အသုတ်လိုက်ခွဲပြီး တနိုင်ငံလုံးမှာ ရွေးချယ်ကောက်ကွက်ပေါင်း ၄ ထောင်ကျော်ကို ကောက်ယူမှာဖြစ်ပါတယ်။ 

အဲဒီထဲက တတိယသုတ်အနေနဲ့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်ကနေ ၁၅ ရက်အထိ စတင်ကောက်ယူနေပြီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013