Homeရုပ်သံ
ဒေါင်း၊ စိုင်းစည်တွမ်ခမ်း၊ ပိုင်ဖြိုးသုတို့ပါဝင်သည့် မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်(နမူနာ)
ဒေါင်း၊ စိုင်းစည်တွမ်ခမ်း၊ ပိုင်ဖြိုးသုတို့ပါဝင်သည့် မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်(နမူနာ)
DVB
·
January 3, 2020

နာမည်ကြီး စာရေးဆရာမ ဂျူးရဲ့ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ သင်္ကေတရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာ ရေးဆရာမဂျူးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲထားပေးခဲ့တာဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားတာပါ။
ဒီရုပ်ရှင်ကားရဲ့ အညွှန်းကတော့ အထူးညွှန်းဖို့ မလိုအောင် ပရိသတ်တွေက ရင်းနှီးကြပြီးသား ဖြစ်မှာပါ။ ဝတ္ထုအနေနဲ့လည်း အောင်မြင်ခဲ့ပြီးဖြစ်တာမို့ သက်နှင်းအိမ်၊ ယုမော်၊ ကိုအောင်စတဲ့ ဇာတ်ကောင်တွေရဲ့ အချစ်၊ အမုန်း၊ ဂုဏ်သိက္ခာနဲ့ အငြိုးအတေး အားပြိုင်လွန်ဆွဲမှုတွေကို ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲဆိုတာ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် လူငယ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဒေါင်း၊ စိုင်းစည်တွမ်ခမ်း၊ ပိုင်ဖြိုးသုတို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။
ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။