DVB Logo
Home
သတင်းဓာတ်ပုံ
အလုံသင်္ဘောကျင်းဝန်ထမ်းများ ပြောင်းရွှေ့စရိတ်လုံလောက်စွာရရှိရေး ဆန္ဒပြ
DVB
·
February 15, 2013
အလုံသင်္ဘောကျင်းဝန်ထမ်းများ ပြောင်းရွှေ့စရိတ်လုံလောက်စွာရရှိရေး ဆန္ဒပြ
Donate to DVB

အလုံသင်္ဘောကျင်းဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဒဂုံသင်္ဘောကျင်းကို ပြောင်းရွှေ့ခိုင်းခဲ့ပေမယ့် ပြောင်းရွှေ့ စရိတ် လုံလောက်စွာမရရှိတဲ့အတွက် ညအချိန်မတော် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

"ပြောင်းရွှေ့စရိတ်ကို ၂ သောင်းပဲ ပေးတယ်။ ကျမတို့ဆီမှာ ကလေးတွေကလည်း ကျောင်းတက်နေတုန်းဆိုတော့ ပြောင်းရွှေ့ဖို့အတွက် အဆင်မပြေဘူး။ ညက ၁၂ နာရီလောက်ကစပြီး မီးဖြတ်လိုက်တယ်။ ကျမတို့လည်း ညကတည်းက လမ်းမပေါ်မှာ ထွက်ထိုင်နေကြတာ။ မနက် ၃ နာရီလောက်က အတင်းဖယ်ခိုင်းဖို့ ရောက်လာကြတယ်။ ကျမတို့ကိုလာပြီး ကူညီတဲ့ အဖွဲ့အစည်းတွေက ၀ိုင်းပြီးပြောကြလို့ အခု အချက် ၅ ချက်နဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်" လို့ ၀န်ထမ်းတဦးက ပြောပါတယ်။

အလုံသင်္ဘောကျင်းဝန်ထမ်းတွေက ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုပြီးချိန်မှ ပြောင်းရွှေ့ခွင့်ပြုရန်။ နေထိုင်ရေးအတွက် အဆင့်သင့်ဖြစ်ရန်။ လုပ်ငန်းဝင်ရောက်ရန် အဆင်သင့်ဖြစ်ရမည်။ ပြောင်းရွှေ့စရိတ် လုံလောက်စွာ ထောက်ပံ့ရမည်။ ဆန္ဒထုတ်ဖော်သူများကို အလုပ်ထုတ်ခြင်း၊ အရေးယူခြင်း၊ နေရာပြောင်းရွှေ့ခြင်းများ မပြုလုပ်ရန် စတဲ့အချက် ၅ ချက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

(သတင်းဓာတ်ပုံ - ကေခိုင်ကျော်)

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013