DVB Logo
Home
မြန်မာသတင်း
လိုင်စင်လာမလုပ်သည့် လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းမည်ဟု မွန်ပြည်နယ် ကညနပြော
DVB
·
January 2, 2020
လိုင်စင်လာမလုပ်သည့် လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းမည်ဟု မွန်ပြည်နယ် ကညနပြော
Donate to DVB

လိုင်စင် လာမလုပ်တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးမိပါက ပြည်သူ့ပိုင်အဖြစ် သိမ်းဆည်းသွားမယ့်အပြင် ယာဉ်ပိုင်ဆိုင်သူကိုလည်း အရေးယူသွားမယ်လို့ မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ဆက်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေ မွန်အက္ခရာနံပါတ်နဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး ရက်ပေါင်း ၆၀ စီမံချက်နဲ့ မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင် နှစ်ခုစလုံးမှာ လိုင်စင် ပြုလုပ်ပေးနေတာပါ။

အခုလို ပြုလုပ်ပေးတဲ့ နေရာမှာ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ လိုင်စင်မဲ့ ဆိုင်ကယ်အစီးရေ ၁၈၀၀ နီးပါးကို လိုင်စင်ထုတ်ပေးထားပြီ ဖြစ်ပါတယ်။

ဒါကြောင့် လိုင်စင် လာမလုပ်တဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးရမိရင် ပြည်သူ့ပိုင်အဖြစ် သိမ်းဆည်းသွားမယ့်အပြင် ယာဉ်ပိုင်ဆိုင်ကိုလည်း အရေးယူသွားမယ်လို့ မွန်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ဆက်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂီတိုးက ပြောပါတယ်။

လက်ရှိမှာလည်း လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဇန်နဝါရီ ၆ ရက်နေ့ကစပြီး မြို့နယ်တွေအထိ ကွင်းဆင်း ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပါတယ်။ 

လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်ပြုလုပ်ပေးတဲ့ နေရာမှာ နေ့ချင်းပြီး ဆောင်ရွက်ပေးနေ တယ်လို့ မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ဆက်ရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက် အင်ဂျင်နီယာ ဦးဌေးမြင့်က ပြောပါတယ်။

လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ပြုလုပ်ပေးတဲ့ နေရာမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ ထွက်ရှိထားတဲ့ ဆိုင်ကယ်မော်ဒန်အပေါ် အုပ်စု ၅ အုပ်စု ခွဲခြာထားတာပါ။ 

ဒဏ်ကြေးအနေနဲ့ အင်ဂျင်ပါဝါအပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၃၀၀၀၀ မှ အများဆုံး ကျပ် ၁၁ သိန်းအထိ ကောက်ခံနေပြီး ကောက်ခံတဲ့ ဒဏ်ကြေးဟာ ဈေးနှုန်း မြင့်မားနေတယ်လို့ လိုင်စင် လာလုပ်တဲ့ မော်လမြိုင် ဒေသခံ ကိုအေးဝင်းက ပြောပါတယ်။

မွန်ပြည်နယ်မှာ ဆိုင်ကယ် လိုင်စင်တွေကို အရင်က မွန်အက္ခရာနံပါတ်နဲ့ ဆိုင်ကယ် ၃၅ စီး လိုင်စင်ထုတ်ပေးထားဖူးပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၉ ဒီဇင်ဘာလကုန်အထိ တရားဝင်လိုင်စင်ချထားပေးတဲ့ ဆိုင်ကယ် အစီးရေပေါင်း ၃၇၀၀၀၀ ကျော် ရှိနေပါတယ်။ 

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013