DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ လူဦးရေ  ၅၄ ဒသမ ၄၅ သန်းပြည့်ပြီ 
DVB
·
January 1, 2020
Donate to DVB

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၄ ဒသမ ၄၅ သန်းပြည့်ခဲ့ပြီလို့ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကို အခြေခံ တွက်ချက်ထားတာဖြစ်ပြီး  လူဦးရေတိုးနှုန်း (အလယ်အလတ်) ခန့်မှန်းတွက်ချက်မှုအရ ဇန်နဝါရီ ၁ ရက် မနက် ၁၁ နာရီကျော်လောက်မှာ တနိုင်ငံလုံး လူဦးရေဟာ   ၅၄,၄၅၈,၂၄၁ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအခြေအနေအပြောင်းအလဲကို ပြည်သူ့အင်အားဦးစီးဌာနရဲ့  www.dop.gov.mm ဝဘ်ဆိုက်ကနေ  မိနစ်တိုင်းမှာ အချိန်နဲ့တပြေးညီ မှတ်တမ်းပြုလုပ် ပေးထားပါတယ်။  

ပြည်သူ့အင်အားဦးစီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေးစီမံကိန်းတွေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အထောက်အကူဖြစ်စေမယ့် လူဦးရေကိန်းဂဏန်းတွေ ရရှိစေဖို့ စစ်တမ်းတွေကောက်ယူနေတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ ဒေသအသီးသီးအလိုက် လူဦးရေခန့်မှန်းတာ၊ ပြည်တွင်းပြည်ပ လူဦးရေဆိုင်ရာ လှုပ်ရှားမှုလုပ်ငန်းတွေအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာ စတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းအရ ၂၀၁၄ မတ်လ ၂၉ ရက်ညမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ စုစုပေါင်း လူဦးရေကတော့ ၅၁,၄၈၆,၂၅၃ ဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013