DVB Logo
Home
မြန်မာသတင်း
၂၀၁၉   မြန်မာပြည်တွင်း သတင်းဓာတ်ပုံကောက်ကြောင်း 
DVB
·
January 1, 2020
Donate to DVB

၂၀၁၉ တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးနစ်နာဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်စဉ်တွေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဆုံးရှုံးမှုတွေ၊ ငြိမ်းချမ်းရေးနဲ့ အခြားအထင်ကရ ဖြစ်စဉ်တွေထဲက  MPA ဓာတ်ပုံသတင်းထောက်တွေရဲ့ အကောင်းဆုံးဓာတ်ပုံတွေကို စုစည်းဖော်ပြ လိုက်ပါတယ်။

Photo - MPA Team



ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးအနက် ကိုငြိမ်းချမ်းစိုးကလွဲပြီး ကျန် ၆ ဦးအား အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံရန် ဗိုလ်တထောင်မြို့န ယ်တရားရုံးက နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။Photo - Mar Naw / MPA



လူအုပ်စုဖြင့် အင်အားသုံး ပိတ်ပင်ခဲ့သောတောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ် ယာယီဝတ်ပြုဆောင်များသို့ အာရှအလင်းရောင်ဆရာတော် ကြွရောက်အားပေးကာ ငြိမ်းချမ်းရေးစကားများ ပြောဆိုကာ နှင်းဆီဖြူများဝေငှခဲ့သည်။ Photo - JPaing / MPA



ဆစ်(ခ်)သာသနာတည်ထောင်ခြင်း နှစ် (၅၅၀)ပြည့် အထိမ်းအမှတ် သံဃာအပါး (၅၅၀)အား ဆွမ်းလောင်းလှူပွဲကို အိန္ဒိယနွယ်ဖွား ဆစ်(ခ်) မိသားစု၀င်များက  ဒီဇင်ဘာ(၂၉) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ပါသည်။Photo - Kaung Zaw Hein / MPA



ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သြဂုတ်လ (၃၁)ရက် နံနက်ပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၄)ဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီးတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် အရပ်သား(၅)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ပါသည်။Photo - Kaung Zaw Hein / MPA



ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ NLD ရုံးရှေ့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး ဖွင့်လှစ်ထားသော သပိတ်စခန်းကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားလိုက်ပြီး ၃၅ ဦးထက်မနည်းကို ဖမ်းဆီးလိုက်သည်။ Photo - Ye Naung / MPA



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် (၈) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်ပြီး စတင်ဆန္ဒပြခဲ့ကြပါသည်။ အဆိုပါ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့၊ စစ်တပ်၊ မီးသတ်တပ်ဖွဲ့တို့သည် အင်အားသုံး၍ ဖြေရှင်းခဲ့ကြသည်။ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသား (၃) ဦး၏ ရုပ်အလောင်းများကို အကျဉ်းထောင်မှ ထုတ်ယူသွားခဲ့သည်။

Photo - Kaung Zaw Hein / MPA

 



အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခံထားရသော BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား အင်းစိန်မြို့နယ် တရားရုံးကစက်တင်ဘာလ ၁၉ရက်နေ့ကို ရမန်ပြန်ပေးခဲ့သည်။ Photo - MarNaw / MPA



ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ကရင်နီလူထု ဆန္ဒမပါဘဲ စိုက်ထူခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကရင်နီလူငယ်အင်အားစုက ပြန်လည်ရုပ်သိမ်းရေးအတွက် ဆန္ဒဖော်ထုတ်နေခြင်းကို ထောက်ခံကြောင်း ရန်ကုန်လူငယ်များနှင့် ကရင်နီလူငယ်ထုအဖွဲတို့ ဆန္ဒဖော်ထုတ်သည်။ Photo - Ye Myo Khant / MPA



ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး လှုပ်ရှားမှုကိုတခုကို နိုဝင်ဘာ ၁၁ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့ကြသည်။ Photo - Mar Naw / MPA



 ICJ ကို သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အားကြိုဆိုထောက်ခံပွဲကို ဒီဇင်ဘာ၁ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်း ခြံရှေ့၌ ဒီဇင်ဘာ ၁ရက်နေ့က ကျင်းပသည်။ Photo - Mar Naw / MPA



ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ နော်အုန်းလှ ကို ကရင်အာဇာနည်နေ့ ကျင်းပသည့်ကိစ္စနှင့်ပတ်သတ်၍ ကျောက်တံတားမြို့နယ်တရားရုံးတွင်ရုံးထုတ်စစ်ဆေးပြီး အင်းစိန်ထောင်သို့ခေါ်ဆောင်သွားသည်။ Photo - Mar Naw / MPA



 ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် တိုက်ကြီးမြို့နယ်တရားရုံးက စက်တင်ဘာ ၂၀ ရက်က ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်သည်။Photo – MPA



တပ်မတော်က ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အင်းစိန်မြို့နယ် တရားရုံးက သြဂုတ် ၂၉ ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ထောင်ဒဏ်တစ်နှစ်တွင် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုလိုက်သည်။Photo – Mar Naw / MPA



"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မြို့တော် ပန်ဆန်းမြို့တွင် ကျင်းပခဲ့သည်။Photo - MarNaw / MPA



 ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်ရေးနှင့် လျှပ်စစ်မီတာခတွေလျှော့ချရေးတို့အတွက် ချီတက်ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ (MDCF)က သြဂုတ် ၂၂ရက်နေ့ညပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်ပြုလုပ်ခဲ့သည်။Photo - Mar Naw / MPA



မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ သဲဖြူကုန်းကျေးရွာတွင် ကုလားမတောင် ပြိုကြမှုဖြစ်စဉ် ကြောင့် သေဆုံးသူ ၄၀ကျော် ဦးထိရှိခဲ့သည်။ Photo - Mar Naw / MPA



၂၀၁၃ ခုနှစ်အတွင်းက လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေခဲ့ရပြီး၊ တရားရုံးလာရောက်ရန်ပျက်ကွက်မှုများကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ယောဂီ ဒေါ်နန္ဒမာလာကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူဝတ်လဲလှယ်ကာ မဟာအောင်မြေမြို့နယ် တရားရုံးသို့ပို့ဆောင်ခဲ့သည်။ Photo - Min Sitt Naing / MPA



သက်ငယ်မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ နေပြည်တော်က မူကြိုကျောင်းသူ( ဗစ်တိုးရီးယား) အမှုနဲ့ပတ်သက်ပြီး တရားမျှတ မှုရရှိရေးအတွက်ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ပွဲကို  ဇူလိုင် ၆ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်ခဲ့သည်။ Photo - Mar Naw / MPA



ရိုက်တာသတင်းထောက် ၂ ဦးကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးသည်ဟု မြောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သော ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။  Photo - Ye Myo Khant / MPA



နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် ရိုက်တာသတင်းထောက်ဝလုံးနှင့်ကျော်စိုးဦးတို့ လွတ်မြောက်လာခဲ့သည်။ နိုင်ငံတော် သမ္မတ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်အဖြစ် အကျဉ်းသားများကို  မေလ ၇ ရက်နေ့တွင် တတိယအကြိမ် ထပ်မံလွှတ်ပေးခဲ့သည်။ Photo - Mar Naw /MPA



ငြိမ်းချမ်းရေးဆိုင်ကယ်စီး ခရီးစဉ်ကို  မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်း လမ်းဆုံမှ စတင်ထွက်ခွာခဲ့ပြီး ပျဉ်းမနား (နေပြည်တော်) - လွိုင်ကော် - ဆီဆိုင် - ဟိုပုန်း - တောင်ကြီး - မိုင်းရှူး - ကျောက်မဲ - နောင်ချို - ပြင်ဦးလွင် - မန္တလေး မြို့များကိုရောက်ရှိမည်ဖြစ်သည်။Photo - MarNaw / MPA



I Stand Against Genocide in Myanmar စာတမ်းပါ အကျီများဝေငှခြင်းနှင့် လူ့ဘောင်သစ်လူငယ်နှင့် ဒို့အရေးအဖွဲ့ မှ ပူးတွဲထုတ်ပြန်ချက်များကိုဝေငှခြင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုပန်းခြံတွင် ပြုလုပ်ခဲ့သည်။

Photo - JPaing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013