DVB Logo
Home
Lead Story
သွေးပျက်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်ရုပ်ရှင်-The Grudge (နမူနာ)
DVB
·
December 31, 2019
သွေးပျက်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်ရုပ်ရှင်-The Grudge (နမူနာ)
Donate to DVB

သွေးပျက်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်ရုပ်ရှင်-The Grudge ကို လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Nicolas Pesce က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး Sony Pictures Releasing ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

The Grudge လို့ ပြောလိုက်တာနဲ့ Horror အမျိုးအစား ရုပ်ရှင်ပရိသတ်တွေနဲ့ မ စိမ်းတဲ့ ဒီနာမည်ကို ရင်းနှီးကြပြီး ဖြစ်မှာပါ။ ဒီကားကတော့ မူရင်းဂျပန်ဇာတ်လမ်း Ju- On: The Grudge ကို အခြေခံပြီး ရုပ်ရှင်တွေအကြိမ်ကြိမ်ပြန်ရိုက်ခဲ့ကြပြီး ခုထွက်ရှိလာတဲ့ ရုပ်ရှင်ကတော့ ၄ ကားမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မကျွတ်လွတ်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တကောင်ရှိနေတဲ့ အိမ်တအိမ်ကို လူနာပြုစုဖို့ ရောက်လာပြီး ဝိဉာဉ်ရဲ့တိုက်ခိုက်မှုကိုခံရတဲ့ သူနာပြုဆရာမလေးအကြောင်းကို ရိုက်ပြထားခဲ့တာပါ။ မကျွတ်လွတ်တဲ့ ဝိညာဉ်ရဲ့ နောက်ကြောင်းကရော ဘာတွေဖြစ်မလဲ၊ အိမ်ထဲကို ရောက်လာသူတွေကို အလွတ်မပေးတဲ့ အငြိုးအတေးတွေနဲ့ တိုက်ခိုက်ခံရတဲ့ အကြောင်းအရာ တွေနဲ့အတူ အရင်ကားတွေနဲ့မတူပဲ ဘယ်လိုသွေးပျက် ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီ ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andrea Riseborough ၊ Demián Bichir ၊ John Cho ၊ Betty Gilpin စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ် ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

အရင်ရုပ်ရှင်ကား ၃ ကားစလုံးဟာ Box Office မှာ ရုံတင်ဝင်ငွေစံချိန်တင် ရရှိခဲ့ တဲ့ ရုပ်ရှင်တွေ ဖြစ်တာမို့ ခု ၄ ကားမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတဲ့ ဒီကားကရော ရုံတင်ဝင်ငွေ စံချိန်တင်နိုင်ပါ့မလားဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ  ၉ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013