DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်စီးပွားရေးလုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီးသွားရောက် ကြည့်ရှု
DVB
·
December 31, 2019
တပ်ပိုင်စီးပွားရေးလုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီးသွားရောက် ကြည့်ရှု
1 / 5
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်တန်း အရာရှိတွေပါဝင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းရှိ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို သွားရောက်ကြည့်ရှူ စစ်ဆေးပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ဟာ မင်္ဂလာဒုံမြို့နယ်ရှိ Kha Yae Pin Mart တပ်မတော်စက်ရုံ ထုတ်ပစ္စည်းအရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့သလို  အင်းဝဘဏ် လီမိတက်ရဲ့ (၆၄) ခုမြောက် ဘဏ်ခွဲ ဖြစ်တဲ့ မင်္ဂလာဒုံဘဏ်ခွဲကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Kha Yae Pin Mart ကုန်တိုက်မှာ တပ်မတော်စက်ရုံတွေ၊ မြန်မာ စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ကထုတ်လုပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုးကို စျေးနှုန်းချိုသာစွာနဲ့ နေ့စဉ် မနက် ၈ နာရီမှ ည ၈ နာရီ အထိ ရောင်းချပေးမယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဦးပိုကုမ္ပဏီရဲ့ အထည်ချုပ်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသလို မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)ရှိ အဆင့်မြင့်ဥစားကြက်ခြံလုပ်ငန်း ကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေဟာ အများပြည်သူအတွက် လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ဖို့နဲ့ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့ မှီခိုသူ ဇနီး၊ သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ဆောင်ရွက်တာလို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013