DVB Logo
Home
Lead Story
ဟယ်ရီပေါ်တာမင်းသမီး အမ်မာဝပ်တ်ဆန်ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင်-Little Women(နမူနာ)
DVB
·
December 31, 2019
ဟယ်ရီပေါ်တာမင်းသမီး အမ်မာဝပ်တ်ဆန်ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင်-Little Women(နမူနာ)
Donate to DVB

       ဟယ်ရီပေါ်တာမင်းသမီး အမ်မာဝပ်တ်ဆန်ပါဝင်တဲ့ ဟောလိဝုဒ်ရုပ်ရှင်-Little Women ကို  နိုင်ငံတကာမှာ ပြီးခဲ့တဲ့တပတ်ကစတင်ပြီး ရုံတင်ပြသနေပါတယ်။

Romance, Period Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို တော့ ၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် Lady Bird နဲ့ နာမည်ကြီးလူသိများ တဲ့ အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Greta Gerwig က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ဒီကားကတော့ အမျိုးသမီး ဇာတ်ရုပ်အသားပေး ရုပ်ရှင်ကားတကားအနေနဲ့ ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်အမျိုးသမီး ဂန္ထဝင်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ၁၈၆၈ ခုနှစ်က ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အနေ နဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ဒီဝတ္ထုကို ရုပ်ရှင်အနေနဲ့ အရင်ကလည်း ရိုက်ကူးခဲ့ကြဖူး ပြီး ဒါကတော့ ၇ ကြိမ်မြောက် ပြန်လည်ရိုက်ကူးမှု ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်ဖြစ်ပွားပြီးချိန်ကာလမှာ ကြီးပြင်းအရွယ်ရောက်လာကြတဲ့ ညီအစ်မ ၄ ယောက်ရဲ့ ဘဝဖြတ်သန်းမှုအကြောင်းတွေကို ဘယ်လိုအချိုးအကွေ့အလှည့်အပြောင်း တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ပ ရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

အမျိုးသမီးဇာတ်ကောင်အသားပေး ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ ဟယ်ရီပေါ်တာရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးလူသိများတဲ့ ဟော လိဝုဒ်သရုပ်ဆောင်မင်းသမီး Emma Watsonနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြ တဲ့ Saoirse Ronan ၊ Florence Pugh ၊ Eliza Scanlen နဲ့ Laura Dern စတဲ့ သ ရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။

       ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၄၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီကားထဲ မှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့် မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထား ပါတယ်။

       IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.3 ထိ ရရှိထားပြီး ရုပ်ရှင်ဝေဖန်ရေး ဆရာတွေက ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013