DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တက္ကသိုလ်တွင် ကချင်အရေး ဆွေးနွေးမည်
DVB
·
February 13, 2013
Donate to DVB

လတ်တလော ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စစ်ပြေးဒုက္ခသည်များ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကျင်းပဖို့ ရှိပါတယ်။

ဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ် လူမှုရေးသုတေသနဌာနမှာ ကျင်းပသွားမယ်လို့ စီစဉ်သူတဦးဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ်  ဒေသတွင်းရေရှည်ဖွံ့ဖြိုးရေးဗဟိုဌာန (မြန်မာ့ရေးရာ) အဖွဲ့ဝင်  ခွန်းကန်ချန ကူးဖစ်ထိကျလွန်းက ဒီဗွီဘီကို ပြောပါတယ်။

“လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တက္ကသိုလ် ကျောင်းသူကျောင်းသား၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ သူတွေကြားမှာ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ရရှိစေဖို့။ ကချင်အဖွဲ့အစည်းနဲ့ သုတေသနပညာရှင်တွေကြား အချက်အလက်ဆွေးနွေးဖလှယ်ဖို့နဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေ ပိုမိုရရှိစေဖို့အတွက် ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို လုပ်ရတာဖြစ်တယ်။”

ဆွေးနွေးပွဲမှာ သတင်းအချက်အလက်နဲ့ အမြင်သဘောထားတွေ  လာရောက်ဖလှယ်ပေးဖို့ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)၊  ကချင်သတင်းဌာန၊ ကချင်ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့၊  လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးဌာန သုတေသီ  Guy Horton နဲ့ အာရှအနုပညာ ဖြစ်ရပ်မှန် ရုပ်သံအဖွဲ့ ညွှန်ကြားရေးမှူး Rayan Libre တို့ကို ဖိတ်ခေါ်ထားတယ်လို့ ခွန်းကန်ချနက ပြောပါတယ်။

ဆွေးနွေးပွဲမတိုင်ခင် မွန်းလွဲ ၁ နာရီကနေ ၂ နာရီထိ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်မှာ ဖြစ်ပြီး ကချင်ဒေသ  ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) နဲ့ အစိုးရကြား လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်လာတဲ့ တိုက်ပွဲကြောင့် ပြည်သူတွေ ခံစားရတဲ့ဒုက္ခ၊  လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ချင်းမိုင်တက္ကသိုလ် ဒေသတွင်းရေရှည်ဖွံ့ဖြိုးရေးဗဟိုဌာန (မြန်မာ့ရေးရာ) အဖွဲ့ဟာ မြန်မာနိုင်ငံပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး  အခါအားလျော်စွာ ဆွေးနွေးပွဲတွေ ကျင်းပလေ့ရှိတာမှာ ဒီတခေါက် ကချင်အရေးကတော့ ပထမဆုံးအကြိမ် ဆွေးနွေးတာဖြစ်ပြီး  ချင်းမိုင်အခြေစိုက် မြန်မာ့မိတ်ဆွေများ စာကြည့်တိုက်အဖွဲ့နဲ့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013