DVB Logo
Home
မြန်မာသတင်း
ကင်တာနား မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ
DVB
·
February 13, 2013
ကင်တာနား မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ
Donate to DVB

ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တာနားဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူး ဦးစစ်မြိုင်က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

[caption id="attachment_36413" align="alignright" width="150" caption="ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြေပုံမြို့နယ်က ဒုက္ခသည်စခန်းများကို သွားရောက်ခဲ့စဉ်"][/caption]

“သီးခြားတွေ့ဆုံတာတော့ မရှိပါဘူး။ တွေ့ရိုးတွေ့စဉ် ကျနော်တို့ဆီလာရောက်တွေ့တာပါပဲ။ မတ်လအတွင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ရှိတယ်။ အဲအစီရင်ခံစာတင်သွင်းရာမှာ ကျနော်တို့ သွားတဲ့ ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို ဥက္ကဋ္ဌက တင်ပြတော့ သူ့အတွက် အထောက်အကူတော်တော်ဖြစ်တယ်တဲ့။ သူစိတ်အားထက်သန်တယ်။ ဒါတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံတဲ့အထဲ ထည့်ဖော်ပြပေးမယ်တဲ့။”

မစ္စတာကင်တာနားဟာ မနေ့က ရခိုင်ပြည်နယ်ခရီးစဉ်ကနေ ရန်ကုန်ကို ပြန်လည် ရောက်ရှိခဲ့ပြီးနောက် မြန်မာစာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံရာမှာ သတင်းလွတ်လပ်ခွင့်ကိစ္စ စုံစမ်းမေးမြန်းခဲ့သလို  ဒီနေ့မနက်တော့ အင်းစိန်အကျဉ်းထောင်အတွင်း ၀င်ရောက် ကြည့်ရှုခဲ့ပါတယ်။

ဒီနေ့ ညနေပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ ကုလသမဂ္ဂအမှုထမ်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှာပါ။

တွေ့ဆုံတဲ့အခါ တင်ပြမှာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ဦးပြုံးချိုက ခုလို ပြောပါတယ်။

“အပြောင်းအလဲကာလမှာ နိုင်ငံသားတွေအားလုံးနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးဖော်ဆောင်မှုတွေ မြှင့်တင်ဖို့၊ အဲကိစ္စတွေလုပ်တဲ့အခါ အဟန့်အတားဖြစ်စေနိုင်မယ့် နည်းလမ်းတွေကို ဘယ်လိုကျော်လွှားသင့်သလဲ။ နောက် ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေနဲ့ စစ်ကြောင့်ပြေးရှောင်နေရတဲ့ တိုင်းရင်းသားတွေရဲ့ အခြေအနေနဲ့ လောလောဆယ်မှာ လူ့အခွင့်အရေး ရင်ဆိုင်လှုပ်ရှားနေတဲ့ကိစ္စတွေ၊ စိုးရိမ်ရတဲ့အနေအထားတွေကို အပြန်အလှန်ဆွေးနွေးဖြစ်မှာပါ။”

မနက်ဖြန်ကျရင် မစ္စတာကင်တားနားဟာ နေပြည်တော်မှာ အစိုးရပြည်ထောင်စုဝန်ကြီးတွေ လွှတ်တော်အကြီးအကဲတွေအပြင် ရခိုင်ဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကိုလည်း သွားရောက်လေ့လာမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ခရီးစဉ်အပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို  ၂၀၁၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013