DVB Logo
Home
မြန်မာသတင်း
တလအတွင်း အမေရိကန်ဒေါ်လာ ၂၇ သန်းထိ ဗဟိုဘဏ်ဝယ်ယူ 
DVB
·
December 30, 2019
တလအတွင်း အမေရိကန်ဒေါ်လာ ၂၇ သန်းထိ ဗဟိုဘဏ်ဝယ်ယူ 
Donate to DVB

အ‌မေရိကန်ဒေါ်လာဈေး ကျဆင်းနေချိန်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ဒေါ်လာ ၃ သန်းကို ဒီနေ့ ထပ်ဝယ်ယူလိုက်ပြီး ဒီလ တလလုံးမှာ ဗဟိုဘဏ်က ဝယ်ယူခဲ့တဲ့ ပမာဏဟာ  အမေရိကန်ဒေါ်လာ ၂၇ သန်းအထိရှိသွားပြီ ဖြစ်ပါတယ်။

ဒီလနောက်ဆုံးပတ်မှာပဲ ဒေါ်လာဈေးဟာ မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာမှာ နေ့တိုင်းလိုလို ကျလာနေပြီး အခုရက်ပိုင်းမှာတော့ တဒေါ်လာကို ကျပ် ၁၅၀၀ အောက်အထိ ဖြစ်သွားတာပါ။

ဗဟိုဘဏ်ဟာ ဒီဇင်ဘာ ၂ ရက်နေ့က အမေရိကန်ဒေါ်လာ ၃ သန်းကို ဈေးပြိုင်လေလံစနစ်နဲ့ တဒေါ်လာ ပျမ်းမျှဈေးနှုန်း ၁၅၀၈ ဒသမ ၄ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာလည်း ဒေါ် လာ ၃ သန်းကို ၁၅၀၆ ဒသမ ၂ ကျပ်နှုန်းနဲ့ ဝယ်ယူခဲ့ပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၄ ရက်နေ့မှာ ၃ သန်း၊ ၅ ရက်နေ့မှာ ၁ သန်းခွဲ၊ ဒီဇင်ဘာ ၆ ရက်နေ့မှာ ၁ သန်းခွဲ ဝယ်ယူခဲ့ ပါသေးတယ်။

လကုန်ပိုင်းမှာတော့ ဒီဇင်ဘာ ၂၀ ရက်နေ့က ၃ သန်း၊ ၂၃ ရက်နေ့မှာ ၃ သန်း၊ ၂၄ ရက်နေ့မှာ ၃ သန်း၊ ၂၇ ရက်နေ့မှာ ၃ သန်းနဲ့ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ၁၄၈၄ ဒသမ ၆ ကျပ်နှုန်းနဲ့ ဒေါ်လာ ၃ သန်း ထပ်ပြီး ဝယ်ယူလိုက်တာပါ။

ဒါကြောင့် ခု ဒီဇင်ဘာလက တလုံးမှာ ဗဟိုဘဏ်က ဝယ်ယူခဲ့တဲ့ ပမာဏဟာ  အမေရိကန်ဒေါ်လာ ၂၇ သန်းအထိရှိသွားပြီ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံတကာဘဏ်လုပ်ငန်းတွေအရ ဒေါ်လာဈေး အတက်ကြမ်းရင် ထုတ်ရောင်းဖို့ လိုသလို ဈေးကျဆင်းရင်လည်း ဝယ်ယူဖို့လိုပြီး လက်ရှိအချိန်မှာတော့ ဈေးကျချိန်မှ ဝယ်ယူတာမျိုး ဖြစ်နေတယ်လို့ ဗဟိုဘဏ်အငြိမ်းစားဒုက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

“အတက်ကိုပဲ ကြိုက်တာလား မပြောတတ်ဘူး။ ဘာပေါ်လစီမှန်းလည်း မသိဘူး။ အစိုးရပေါ်လစီလား၊ သူတို့ပေါ်လစီလား အန်ကယ်တို့ ခန့်မှန်းလို့မရဘူး။ သူကတော့ ပြောမှာပေါ့။ သိပ်ကျသွားတာက မကောင်းဘူး။ ဒါပေမဲ့ တက်ရင်လည်း သိပ်တက်သွားတာက မကောင်းဘူးဆိုတာ သိရမယ်လေ” လို့ ပြောပါတယ်။

ဗဟိုဘဏ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အမေရိကန် တဒေါ်လာကို ငွေကျပ် ၁၃၀၀ ဝန်းကျင်ကနေ ၁၅၀၀ လောက်အထိ အရမ်းမြင့်တက်ခဲ့တဲ့အပေါ် ဒေါ်လာထုတ်ရောင်းပြီး ထိန်းချုပ်တာမရှိခဲ့ဘူးလို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

လက်ရှိ ဒေါ်လာဈေး ကျဆင်းတာဟာ အရင်ပုံစံမျိုး နည်းနည်းပြန်ဝင်လာတာသာဖြစ်ပြီး ပြည်ပခရီးသွား ဝင်ရောက်မှု များလာတာ၊ ကုန်သွယ်ရေးမှာ ပြည်ပက ဒေါ်လာဝင်ရောက်မှုများ လာတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ UMFCCI အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

တဒေါ်လာကို ကျပ် ၁၀၀၀ နဲ့ ၁၁၀၀ ကြားနှုန်းထားရှိနေတာက  တိုင်းပြည် စီးပွားရေးအတွက် အကောင်းဆုံးပဲလို့လည်း ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013