DVB Logo
Home
မြန်မာသတင်း
မြန်မာယန်စီကုမ္ပဏီကို ကံကုန်းဒေသခံ ၁၀၀ ကျော် ဆန္ဒပြ
DVB
·
December 30, 2019
Donate to DVB

မြေယာလျော်ကြေးရရှိရေးနဲ့ သောက်သုံးရေသန့် အခက်အခဲ ဖြေရှင်းပေးဖို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကံကုန်းဒေသခံ ၁၀၀ ကျော်ဟာ မြန်မာယန်စီကုမ္ပဏီရှေ့မှာ သွားရောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်၊ စံပယ်၊ ကြေးစင်ကြေးနီစီမံကိန်းကို တာဝန်ယူလုပ်ဆောင်နေတဲ့ မြန်မာ-ယန်စီကုမ္ပဏီအနေနဲ့ ဒေသခံတွေရဲ့ မြေယာလျော်ကြေးကိစ္စနဲ့ သောက်သုံးရေအခက်အခဲကို တာဝန်ယူဖြေရှင်းပေးဖို့ ကံကုန်းကျေးရွာက ဒေသခံ ၁၀၀ ကျော်စုပေါင်းကာ ဒီဇင်ဘာ ၃၀ ရက် မနက်က ကုမ္ပဏီရှေ့ကို သွားရောက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ဦးဆောင်သူ ဦးတင့်အောင်စိုးက "လက်ရှိမှာ ကုမ္ပဏီက သူတို့ သောက်သုံးရေရရှိရေးအတွက် ချင်းတွင်းမြစ်ကနေ မြစ်ရေရရှိဖို့ လုပ်ဆောင်နေတယ်။ ကျနော်တို့ရွာမှာ မသန့်ရှင်းတဲ့ သောက်သုံးရေတွေကို သုံးစွဲနေကြရတယ်‌။ တချို့လည်း ရေသန့်ဝယ်ပြီး သုံးနေကြရတယ်။ မြေအောက်ရေကလည်း သူတို့ရဲ့ စနစ်မကျတဲ့ ရေဆိုးကန်တွေကြောင့် ပျက်စီးနေတယ်။ ဒါကိုလည်း အစီရင်ခံစာမှာ အတိအလင်းဖော်ပြထားတယ်‌။ ရွာနားမှာ ယမားချောင်းရှိတယ်၊ ချောင်းရေကလည်း စမ်းသပ်မှုတွေအရ ရေအဆင့်သတ်မှတ်ချက် pH level 9 ကျော်နေတယ်။ ချင်းတွင်းမြစ်ရေက pH level 7 ကျော်ကျော်ပဲရှိလို့ တော်သေးတယ်။ သီးသန့်လုပ်ပေးဖို့ပြောတာမဟုတ်ဘူး။ သူတို့သွယ်တဲ့အထဲကနေ မျှပေးဖို့ပြောတာ။ နောက်တခုက မြေယာလျော်ကြေးတွေကလည်း အခုထိ ပြီးပြတ်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိဘူး။ ဒါကိုလည်း အမြန်ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ အခုလို ဆန္ဒဖော်ထုတ်ရတာ" လို့ ပြောပါတယ်။

ကံကုန်းကျေးရွာအပြင် ကြေးနီစီမံကိန်းအနီးအနားက ကျေးရွာတွေမှာ သုံးရေထက် သောက်ရေက အဓိကပြဿနာဖြစ်နေပြီး ရေတွင်းတူးပေမယ့် မြေအောက်ရေပျက်စီးနေတာကြောင့် သောက်သုံးလို့မရဘူးလို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ ချောင်းရေ၊ တွင်းရေကိုပဲ သန့်ရှင်းအောင်လုပ်ပြီး အဆင်ပြေသလို သုံးနေကြရပြီး ပေ ၁၈၀ လောက်ထိ မြေအောက်ရေရရှိဖို့ တူးဖော်ခဲ့ပေမယ့် သန့်ရှင်းမှုမရှိတဲ့အတွက် သုံးစွဲလို့မရဘူးလို့ သိရပါတယ်။ 

အရင်ကတော့ ကံကုန်းကျေးရွာမှာ ပေ ၅၀ အောက်သာ တူးရတဲ့ ရေတွင်းတွေရှိခဲ့ပေမယ့် ကြေးနီစီမံကိန်းစတင်ပြီးနောက်ပိုင်း ရေတွင်းတွေက ရေခန်းခြောက်သွားပြီး လုံးဝသုံးမရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 အခုလို ဆန္ဒပြလို့မှ တာဝန်ရှိသူတွေအနေနဲ့ ကူညီမဖြေရှင်းပေးဘူးဆိုရင် နောက်ထပ် ဆန္ဒပြပွဲတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ရွာသားတွေက ပြောပါတယ်။

ကံကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀၀ နီးပါးရှိပြီး လူဦးရေ ၄၀၀၀ ကျော် နေထိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013