DVB Logo
Home
မြန်မာသတင်း
မိုင်းဆတ်တွင် ထိုင်းနိုင်ငံသားတဦးထံမှ စိတ်ကြွဆေး ၁ သန်းကျော် သိမ်းဆည်းရမိ
DVB
·
December 29, 2019
မိုင်းဆတ်တွင် ထိုင်းနိုင်ငံသားတဦးထံမှ စိတ်ကြွဆေး ၁ သန်းကျော် သိမ်းဆည်းရမိ
Donate to DVB

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်မှာ ထိုင်းနိုင်ငံသားတဦးထံမှ စိတ်ကြွဆေးပြား ၁,၃၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က မိုင်းဆတ်မြို့နယ်၊ မိုင်းထလမ်းကျေးရွာအုပ်စု၊ ယောင်ခ (နားယောင်း)ကျေးရွာဈေး၊ ဆိုင်ခန်းအမှတ်(၅၂) မှာ ဌားရမ်းနေထိုင်တဲ့ ထိုင်းနိုင်ငံသား ကျော့ချိုင်းရဲ့ အခန်းကို ဝင်ရောက်ရှာဖွေရာမှ သိမ်းဆည်းမိခဲ့တာပါ။

အခန်းမှာ ကျော့ချိုင်းအား မတွေ့ရှိဘဲ ဆာလာအိတ် ၁၃ အိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၁,၃၀၀,၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကျော့ချိုင်း (ဖမ်းမမိ) အား မိုင်းတွမ်းနယ်မြေရဲစခန်းက မယ(ပ)၅၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013