DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးပန်းခြံထဲ ဇန်နဝါရီ ၁ ရက်ကစပြီး အခမဲ့ ဝင်ကြည့်နိုင်ပြီ
DVB
·
December 29, 2019
Donate to DVB

ရန်ကုန်မြို့က တော်လှန်ရေးပန်းခြံကို လာမယ့် ဇန်နဝါရီ ၁ ရက်ကစပြီး ဘယ်သူမဆို အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး နေ့တိုင်း မနက် ၅ နာရီခွဲနဲ့ ညနေ ၅ နာရီအချိန်မှာ ဂုဏ်ပြုတပ်ခွဲနဲ့ ပြုလုပ်လေ့ရှိတဲ့ နိုင်ငံတော် အလံတင်၊ အလံချ အခမ်းအနားကိုလည်း လာရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

ဒဂုံမြို့နယ် ဦးဝိစာရလမ်းနဲ့ ဓမ္မစေတီလမ်းထောင့်မှာရှိတဲ့ သမိုင်းဝင်တော်လှန်ရေးပန်းခြံဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အရေးပါတဲ့ အထင်ကရနေရာ တခုဖြစ်ပြီး တပ်မတော်နေ့အခမ်းအနားတွေကို ၂၀၀၅ ခုနှစ်၊ နှစ် ၆၀ ပြည့်နှစ် တပ်မတော်နေ့အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တဲ့ နေရာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တော်လှန်ရေးပန်းခြံကို အများပြည်သူ လာရောက် အနားယူအပန်းဖြေနိုင်ဖို့ အကြီးစားမွမ်းမံပြင်ဆင်တာတွေလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလာရောက်ကြည့်ရှုခဲ့ပါသေးတယ်။

ပန်းခြံထဲမှာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်က ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့တဲ့ စစ်ထွက်သပြေပင်နဲ့ ဗိုလ်ချုပ်ရဲ့ စီးတော်မြင်းချည်ခဲ့တဲ့ မြင်းချည်သပြေပင်တို့အပါအဝင် အလေးပြုခံစင်မြင့်နဲ့ အလံတိုင်တွေ၊ ဗိုလ်ချုပ်ကြေးရုပ်နဲ့ မီးရှူးတိုင်တွေ၊ ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ရေးကွင်းတွေ၊ ရေပန်းတွေ၊ ကလေးကစားကွင်းတွေနဲ့ ပြင်ဆင်ထားရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013