DVB Logo
Home
မြန်မာသတင်း
ဆူနာမီ ၁၅ နှစ်ပြည့် ထိုင်းတံငါရွာလေးတွင် ကျင်းပ
DVB
·
December 27, 2019
Donate to DVB

လူပေါင်း ၂၃၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဆူနာမီ   ၁၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်က ထိုင်းတံငါရွာလေး ဘန်နမ်ခမ်းမှာ ပြုလုပ်ခဲ့ပါတယ်။   

၂၀၀၄ ခုနှစ်  ဒီဇင်ဘာလ ၂၆ ရက်က   အင်ဒိုနီးရှား ဆူမားတြားကျွန်းမြောက်ပိုင်းမှာ ၉ ဒသမ ၁ မဂ္ဂနီကျူ့ရှိတဲ့   မြေငလျင်ကြီး လှုပ်ခဲ့ပါတယ်။ မြေငလျင် အရှိန်နဲ့ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာ ကမ်းရိုးတန်းနိုင်ငံတွေကို ရေအမြင့်  ၅၇ ပေ အထိရှိတဲ့ ပင်လယ်လှိုင်းတွေ ဝင်ရောက်ခဲ့တာကြောင့် လူပေါင်း ၂၃၀,၀၀၀ ကျော် သေဆုံးခဲ့တာပါ။

ထိုင်းနိုင်ငံမှာတော့‌ အက်ဒမန်ပင်လယ်ထဲက အပန်းဖြေစခန်းတွေမှာ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အပါအဝင်  လူပေါင်း ၅၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

အခု  ဆူနာမီ ၁၅ နှစ်ပြည့်အခမ်းအနား ကျင်းပတဲ့ ဘန်နမ်ခမ်းရွာလေးမှာတော့ လူ ၁၄၀၀  ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီအောက်မေ့ဖွယ် အခမ်းအနားမှာ သဘာဝဘေး အန္တရာယ်တွေနဲ့ ပတ်သက်လို့ ပိုမိုသတိရှိကြပြီး အသင့်ပြင်ဆင်ထားကြဖို့  အစိုးရတာဝန်ရှိသူတွေက တိုက်တွန်းခဲ့ကြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013