DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရန်  သာစည်တွင် စတေကာကန်ပိန်းပြုလုပ်
DVB
·
December 27, 2019
Donate to DVB

မန္တလေးတိုင်း သာစည်မြို့မှာ ဒီဇင်ဘာ ၂၆ ရက်မနက်က မူကြိုကျောင်းသူလေး ဗစ်တိုးရီယားအတွက် တရားမျှတမှုရှိစေဖို့  စတေကာကန်ပိန်း ပြုလုပ်ခဲ့ပါတယ်။

သာစည်မြို့ မီးပွိုင့်လမ်းဆုံနဲ့ သာစည်စျေးကြီးအဝင်လမ်းတို့မှာ လမ်းသွားလမ်းလာသူတွေနဲ့ ကားဆိုင်ကယ်တွေမှာ ၁လက်မခွဲပတ်လည်ရှိစတေကာတွေ ကပ်ပေးပြီး ဗစ်တိုးရီးယားလေးနဲ့ ကလေးသူငယ်တွေအတွက် တရားဥပဒေရဲ့ စောင့်ရှောက်မှုရရှိရေးနဲ့ တရားမျှတမှုရှိရန် စတေကာကပ်ပေးတဲ့ ကန်ပိန်းတခုလုပ်တာဖြစ်ပါတယ်။

ကန်ပိန်းဦးဆောင်သူဒေါ်လေးလေးနိုင်က "မြန်မာနိုင်ငံထဲမှာ ဗစ်တိုးရီးယားလေးလို ဖြစ်ပွားတဲ့အမှုကိစ္စတွေ ရှိနေမှာပါ။ ဗစ်တိုးရီယားလေးရဲ့အမှုကတော့ နိုင်ငံတဝန်းလူသိများပြီး နိုင်ငံတော်အမှုလိုဖြစ်သွားတယ်။ ဒီလိုမျိုးဖြစ်နေတာတွေလည်း တရားဥပဒေရဲ့ စောင့်ရှောက်ကာ ကွယ်မှု ရစေချင်တယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂါတ်လေးတွေပါ။”လို့ ပြောပါတယ်။ 

အရင်က ကန်ပိန်းကို လူ ၅ ဦး ၆ ဦးနဲ့ စတင်ပြီး စတေကာကပ်ပေးနေတာဟာ အခုဆို စိတ်ဝင်စားသူများလာပြီး လူ ၂၀ကျော်လောက်က ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒီနေ့လုပ်စတေကာကန်ပိန်းကို မနက် ၉နာရီကနေ ၁၁နာရီခွဲအထိ ပြုလုပ်ခဲ့ပြီး စတေကာ ၁၂၀၀ကျော် ဝေငှကပ်ပေးခဲ့ပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013