DVB Logo
Home
မြန်မာသတင်း
ခမောင်းသွယ်ဒေသတွင် ကရင်ရိုးရာဝါးညှပ်အကကို ပြန်လည်ဖော်ထုတ်
DVB
·
December 27, 2019
Donate to DVB

တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ ခမောင်းသွယ်ဒေသက မိတ်ကျေးရွာမှာ ကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မှာ ကရင်ရိုးရာယဉ်ကျေးမှုအကဖြစ်တဲ့  ရိုးရာဝါးညှပ်အကကို ပထမအကြိမ် တင်ဆက်ကပြခဲ့ပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မတိုင်မီရက်က ခမောင်းသွယ်ဒေသရှိအခြေခံပညာမူ လတန်းကျောင်း ၁၃ ကျောင်းမှ ကရင်ရိုးရာဝါးညှပ်အကအဖွဲ့ ၁၃ဖွဲ့နဲ့ကရင်ရိုးရာဝါးညှပ်အကပြိုင် ပွဲကို ကျင်းပြီး ရိုးရာအကကို ပြန်လည်ဖော်ထုတ်တာဖြစ်ပါတယ်။

ခမောင်းသွယ်ဒေသ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်ကျင်းပ ရေးကော်မတီ ၊ကရင်စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ ဥက္ကဋ္ဌစောထိန်လင်းက “အရင်တုန်းက ဒီဒေသမှာ ရိုးရာအကဆိုလို့သိပ်မရှိခဲ့ဘူး၊ သီချင်းပြိုင်ပွဲတို့ ကဗျာရွတ်ပြိုင်ပွဲ တို့လောက်ပဲ လုပ်ခဲ့တယ်၊ရိုးရာယဉ်ကျေးမှုအနေနဲ့ဒါပထမဦးဆုံးပေါ့” လို့ပြောပါတယ်။

ရှေးကတည်းက ဝါးညှပ်အကဆိုတာရှိခဲ့ပြီး ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုကို တဆင့်ပြီး တဆင့် ပြန်လည်ဖော်ထုတ်ဖို့၊ မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ခမောင်းသွယ်ဒေသခံ ကရင်တိုင်းရင်းသူ နော်မေးဒေက “အရင်က နှစ်သစ်ကူးဆို အကတွေ အဝေးကလာပြီး ဖျော်ဖြေနေကြတယ်။ နောက်ဆို မိရိုး ဖလာတွေ ပျောက်သွားတယ် ။အခုပြန်ပြီးဖော်ထုတ်တယ်”လို့ ဆိုပါတယ်။

ခမောင်းသွယ်ဒေသမှာ စကောကရင်တွေနေထိုင်ပြီး ဝါးညှပ်အကမှာ စကောကရင်ရဲ့ ရိုးရာယဉ်ကျေးမှုအကဖြစ်ကာ ပိုးကရင်ရဲ့ရိုးရာယဉ်ကျေးမှုအကကတော့ ဒုံးအကဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းခမောင်းသွယ်ဒေသမှာ ကရင်ရိုးရာဒုံးအကအဖွဲ့ကိုလည်း ဖွဲ့စည်းသွားဖို့ရှိတယ်လို့ စောထိန်လင်းက ပြောပါတယ်။

ခမောင်းသွယ်ဒေသက မိတ်ကျေးရွာမှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးအမျိုးသားပွဲရက်မ တိုင်မီ ကရင်လူမျိုးနဲ့ပတ်သက်တဲ့ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အထွေထွေဗဟုသုတမေးခြင်း တို့ကို ကရင်စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီက ပြုလုပ်ခဲ့ပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲမှာတော့ အလံတင်အလေးပြုခြင်းအခမ်းအနားပြုလုပ်ပြီး နောက် ဟောပြောပွဲအခမ်းအနားနဲ့အားကစားပြိုင်ပွဲတွေ  ဆက်လက်ကျင်းပခဲ့ပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013