DVB Logo
Home
မြန်မာသတင်း
သီတဂူဆရာတော်ထံ ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ ကျပ် ၇၄၆ သိန်းလှူဒါန်း 
DVB
·
December 27, 2019
Donate to DVB

သီတဂူဆရာတော်ဘုရားကြီးထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့က အလှူတော်ငွေ ကျပ် ၇၄၆ သိန်းလှူဒါန်းပေးအပ်လိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ 

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုက လှူဒါန်းတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူ တော်ငွေ ကျပ်သိန်း ၅၀၀ နဲ့ သီတဂူရေအလှူတော် အလှူတော်ငွေ ၂၄၆ သိန်းတို့ကို သီတဂူ ဆရာတော်ကြီးထံ ဒီဇင်ဘာ  ၂၆ရက်က ရန်ကုန် မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံကိုတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေခြင်းဟာ နိုင်ငံတော်ကို ကာကွယ်နေ ခြင်းပင် ဖြစ်ကြောင်း ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံမဆို ဘာသာသာသနာ ခိုင်မာပါက တိုင်းပြည်တည်ငြိမ်အေးချမ်းတာကို တွေ့ရကြောင်း ဒါ့ကြောင့် တပ်မတော်က တစ်တပ်တစ်အား ပါဝင်လှူဒါန်းရတာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013