ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေက ရုရှား ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁,၆၀၀ ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အစီအစဉ်ကို ချမှတ်ခဲ့တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းနိုအယ်လ်ဘာဟူက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့ နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေး မတိုင်မီမှာ ယူကရိန်းစစ်ပွဲ စချိန်ကစပြီး ခုထိ EU က ရုရှားအပေါ်ချမှတ်တဲ့ အကြီးမားဆုံဒဏ်ခတ်မှုကို ချမှတ်လိုက်တာပါ။
EU ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားအနေနဲ့ ယူရိုငွေ ဘီလီယံ ၅၀၀ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကို ဆုံးရှုံးခဲ့ရပြီး ဒီပမာဏဟာ စစ်ရေးကြိုးပမ်းမှု ၃ နှစ်ကျော်စာနဲ့ ညီမျှတယ်လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဟာ စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု ရခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၁၁ ရက်မှာ မမျှော်လင့်ဘဲ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းခေါင်းဆောင် ဇလန်းစကီးက စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးရဲ့ အသေးစိတ် အချက်အလက်တွေကို စောင့်ကြည့်နေဆဲလို့ ပြောခဲ့ပြီး ရုရှားဘက်ကတော့ မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။
EU နိုင်ငံခြားရေးဝန်ကြီးတွေက ရုရှားအစိုးရအနေနဲ့ ဘယ်လို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမဆို လိုက်နာဆောင်ရွက်ချင်စိတ်ရှိမှုအပေါ် သံသယဖြစ်မိတယ်လို့ ထုတ်ပြောခဲ့ကြပြီး ဆက်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကတဆင့် ရုရှားအပေါ် ဆက်ပြီး ဖိအားပေးထားဖို့ လိုတယ်လို့ အလေးပေး ပြောခဲ့ပါတယ်။
Source: Reuters











