DVB Logo
Home
အထူးကဏ္ဍ
တိုင်း​ရင်း​သား​​ခေါင်း​ဆောင်​တွေရဲ့​ <br /> ပြည်​ထောင်စုအ​ရေး​ ​ပြောကြား​ချက်များ
DVB
·
February 12, 2013
Gallery image 1
1 / 2
Donate to DVB

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ    ဗြိတိသျှကိုလိုနီလက်အောက်ကနေ တောင်တန်းနဲ့ ပြည်မ ပူးပေါင်းကာ လွတ်လပ်ရေးရယူကြဖို့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ သမိုင်းဝင်နေ့ ဖြစ်ပါတယ်။

ဒီနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလာခဲ့တာလည်း ၆၆ နှစ်ပြည့်မြောက်ပြီလည်း ဖြစ်ပါတယ်။   လက်ရှိ သမ္မတ ဦးသိန်းစိန်ကတော့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးဖို့ အတွက်  နိုင်ငံရေးတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရဖို့ အဓိက လိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေကရော ပြည်ထောင်စုအရေး တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လိုသဘောထားအမြင်တွေ ရှိနေကြပါသလဲ။ စုစည်းတင်ဆက်ပေးထားပါတယ်။

ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ - ဥက္ကဋ္ဌ)

“စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ချီတက်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီးတခုသာလျှင် ဒီမိုကရေစီရဲ့ ခေါင်းနဲ့ပန်းဆိုတာ လူမျိုးစုတွေများတဲ့ ပြည်ထောင်စုသားတွေ အားလုံးက ခံယူချင်လာအောင် လက်ရှိတပ်မတော်ခေါင်းဆောင်တွေရော၊ နိုင်ရေးခေါင်းဆောင်တွေရော၊ တိုင်းရင်းသားခေါင်းဆောင်တွေရော ညီညီညွတ်ညွတ် ညီလာခံကြီးတခုကို ကျင်းပပြီး နိုင်ငံရေးအားဖြင့် ဖြေရှင်းနိုင်ပြီးကာမှ တည်ငြိမ်နိုင်မှာဖြစ်တယ်။ အဲဒီကာလမျိုးမှာမှ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်ဖို့လိုတယ်။ နိုင်ငံရေး မညီမျှမှုကို ညီမျှအောင် လုပ်နိုင်ရမယ်။ မလုပ်နိုင်သမျှကာလပတ်လုံး လက်နက်ကိုင်ပဋိပက္ခ ဘယ်တော့မှ မပြေလည်ဘူး။ ထာဝရငြိမ်းချမ်းရေးကို လိုချင်ရင် နိုင်ငံရေးအားဖြင့် ဆွေးနွေးနိုင်တဲ့ ကဏ္ဍဖြစ်အောင် နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ယူနီဖောင်းဝတ်တဲ့ ပုဂ္ဂိုလ်တွေသဖြစ်လဲ နိုင်ငံရေးသမားတွေအကုန်လုံးက ဒါမျိုးဆင့်ထိ လျှော့ချနိုင်ရမယ်။ အဲဒါမျိုးဆိုရင် ကျနော်တို့ ပြည်ထောင်စုကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသလို ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်သွားမှာပါ။

ခူးဦးရယ် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - အတွင်းရေးမှူး ၁)

[caption id="attachment_19737" align="alignleft" width="150" caption="ခူးဦးရယ်"][/caption]

“အရပ်သားတပိုင်းပုံစံမျိုးနဲ့ အပြောင်းအလဲဆီသွားဖို့ ဦးတည်လာတဲ့အခါကျတော့ အခြေခံဥပဒေကိုကြည့်လိုက်ပြန်ရင်လည်း အခွင့်အရေး တင်းပြည့်ကျပ်ပြည့်ရဖို့မရှိသော်လည်းပဲ တစုံတရာတော့မျှော်လင့်လို့ရတဲ့လမ်းစပုံစံမျိုးတော့ မျှော်ကြည့်လို့ရတယ်။ ဒါလည်းပဲ အခုမှ ၁ နှစ်၊ ၂ နှစ်ပဲရှိသေးတော့ တကယ်ပဲ အခွင့်အရေးတွေရဖို့ လမ်းစတကယ်ရှိလား၊ မရှိလားဆိုတာတော့ အတိအကျမပြောနိုင်သေးပါဘူး။”

စိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် - အတွင်းရေးမှူး)

“နိုင်ငံရေးတည်ငြိမ်ဖို့ဆိုတာ ဥပဒေစိုးမိုးမှုအပေါ် အများကြီးမူတည်တယ်။ ဥပဒေကို လိုက်နာဖို့လည်း လိုတယ်။ ဥပဒေကို အစိုးရက မှန်မှန်ကန်ကန် ကျင့်သုံးဖို့လိုတယ်။ ဒါမှပဲ နိုင်ငံရေးတည်ငြိမ်မှုရမယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ဆိုတာ နိုင်ငံရေးပါတီတွေထဲမှာလည်း သဘောတူညီမှုတွေရဖို့လည်း လိုတယ်။ သဘောတူညီမှုတွေရဖို့ ဆွေးနွေးပွဲတွေ စဖို့ လိုနေပြီပေါ့။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးမရဘဲ နိုင်ငံရေးတည်ငြိမ်မှုရဖို့ မဖြစ်နိုင်ပါဘူး။ ဥပဒေက ရန်ကုန်မှာသာ စိုးမိုးချင် စိုးမိုးမယ်။ နယ်စွန်နယ်ဖျားမှာ မစိုးမိုးဘူး။ အများကြီးကိုရှိတယ်၊ ပြဿနာက။ နယ်စွန်နယ်ဖျားရောက်သွားလေ ပရမ်းပတာဖြစ်လေပဲ၊ ဥပဒေကို ဘယ်သူမှဂရုမစိုက်တော့ဘူး။ အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်က ဂရုမစိုက်တာအများကြီး ရှိတယ်။ အများကြီးပြုပြင်ဖို့လိုပါတယ်။ ကျနော်တို့တော့ နေပြည်တော်ညစာစားပွဲ မသွားဖြစ်ပါဘူး။”

ဒေါက်တာတူးဂျာ (ကေအိုင်အိုခေါင်းဆောင်ဟောင်း)

“ကျနော်တို့နိုင်ငံမှာ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးဘက်ကို ရှေးရှုသင့်ပါပြီ။ ပဋိပက္ခဖြစ်ပွားရာကနေ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုသင့်ပြီ။ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ကြာရှည်လွန်းအားကြီးပြီ။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်တာ တခြားနိုင်ငံတွေမှာ မတွေ့ရပါဘူး။ အဲတော့ ပြည်တွင်းစစ်ကို ရပ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ခံယူတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သိသာထင်ရှားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အပြောင်းအလဲတခုလုပ်မှပဲ ဖြစ်မယ်။ ပြည်တွင်းစစ်သက်ဆိုးရှည်နေတာဟာ အရင် အစိုးရအဆက်ဆက်က ပြည်တွင်းစစ်အပေါ်မှာ ရှုမြင်သုံးသပ်ချက်နဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ မမှန်ကန်လို့ဖြစ်တယ်။ အခု လက်ရှိအစိုးရအနေနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီး ဖြေရှင်းသွားမယ်ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ အလားအလာကောင်းတွေ ရှိပါတယ်။”

နိုင်တင့်ဆွေ (မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်)

“မွန်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြောရရင်တော့ လုံးဝငြိမ်းချမ်းရေးကို မြန်မြန်အကောင်အထည်ဖော်ပြီးတော့ အေးအေးချမ်းချမ်းနေဖို့ အထူးအာသီသရှိပါတယ်။ စစ်မှန်တဲ့ပြည်ထောင်စုရရှိဖို့အတွက် မျှော်မှန်းပြီးတော့ မွန်အမျိုးသားများကိုယ်စား မွန်အမျိုးသားတွေရဲ့အသံကို လူတိုင်းသိဖို့ မျှော်မှန်းဆောင်ရွက်နေပါတယ်။ မွန်အမျိုးသားတွေရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးရဖို့ရယ်၊ မွန်အမျိုးုသားတွေ တန်းတူညီမျှဖြစ်ဖို့ အာသီသအများဆုံးရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013