DVB Logo
Home
မြန်မာသတင်း
ဒုတိယကမ္ဘာစစ်ကျန် ဂျပန်စစ်သားအရိုးစုများ ယူအန်အက်ဖ်စီနှင့် ပူးပေါင်းဖော်ထုတ်မည်
DVB
·
February 12, 2013
ဒုတိယကမ္ဘာစစ်ကျန် ဂျပန်စစ်သားအရိုးစုများ ယူအန်အက်ဖ်စီနှင့် ပူးပေါင်းဖော်ထုတ်မည်
Donate to DVB

ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံမှာ ကျန်ရှိခဲ့တဲ့ ဂျပန်စစ်သားအရိုးစုတွေ ပြန်လည် ဖော်ထုတ်မှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပါဝင်ကူညီမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းက ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဒီလုပ်ငန်းမှာ ပါဝင်ကူညီဖို့ သဘောတူခဲ့တာလို့ ယူအန်အက်ဖ်စီ တွဲဖက်အထွေထွေအတွင်းရေးမှူး  ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

[caption id="attachment_36331" align="alignleft" width="150" caption=" ဗိုလ်မှူးကြီး ခွန်ဥက္ကာ"][/caption]

“အရိုးကောက်ဖို့လုပ်ငန်းက ယူအန်အက်ဖ်စီနဲ့ ဂျပန်ဘုန်းကြီးအဖွဲ့ ပူးတွဲလုပ်မှာပေါ့။ ယူအန်အက်ဖ်စီက ကိုယ်စားလှယ်တဦး လွှတ်ပေးပါ၊ ဇန်န၀ါရီ ၃၁ ရက်နေ့က တိုကျိုမှာ ဒီကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေရဲ့ အရိုးကို နှစ်ပေါင်း ၇၀ ကျမှ အမိနိုင်ငံကို ပြန်ရောက်ရေးပေါ့။ သူတို့ campaign နာမည်က အဲလိုခေါ်တယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုတွေလုပ်နေတော့ ကျနော်တို့အဖွဲ့နဲ့ ပူးတွဲလုပ်မယ်ဆိုတာ မှန်တဲ့အကြောင်း သွားပြီးတော့ သက်သေခံတာပါ။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဂျပန်စစ်တပ်တွေ မြန်မာပြည်မှာ ရောက်ရှိခဲ့ပြီး သူတို့နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေ ၁ သိန်းကျော်ရှိတယ်။

အဲဒီထဲက ၅ သောင်းကျော် တူးဖော်ခဲ့ပြီး  နောက်ထပ်တူးဖော်ဖို့ ကျန်ရှိနေသေးတဲ့ ၄ သောင်းကျော်ကို တိုင်းရင်းသားဒေသ ၁၁ ခုမှာ တူးဖော်သွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ကျန်ရှိတဲ့ ဂျပန်အရိုးစုတွေဟာ  ယူအန်အက်ဖ်စီအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အရင်က နယ်မြေမတည်ငြိမ်တဲ့အတွက် တူးဖော်လို့မရခဲ့ကြောင်း၊ အခုလို လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေး လာတဲ့ အခါမှ ပြန်တူးဖော်ရတာလို့ ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်အတွက် အခု ဖေဖော်ဝါရီကနေ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မိမိသက်ဆိုင်ရာ နယ်မြေမှာ ဒေသခံရွာသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကြားဖူးနားဝရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေဆီကနေ ခြေရာကောက်ပြီး အချက်အလက်တွေ  စုဆောင်းပြင်ဆင်မယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်ထဲမှာတော့ မြန်မာအစိုးရနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းပြီး အရိုး တူးဖော်ရေး လုပ်ငန်းကို တရားဝင် ဆောင်ရွက်မယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီလုပ်ငန်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြည်သူတွေနဲ့ ပိုမိုနီးစပ်ပြီး၊ မိမိတိုင်းပြည်အတွက် အသက်ပေးသူကို မမေ့မလျော့ဘဲ လိုက်လံရှာဖွေဂုဏ်ပြုတဲ့ ဒီလုပ်ရပ်ကို လေးစားသောအားဖြင့်လည်း ကူညီဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013