ခရစ္စမတ်နေ့တွင် နှင်းဆီဖြူများ ဝေငှ (ဓာတ်ပုံ)
DVB
·
December 26, 2019

1 / 10
လူအချင်းချင်း မေတ္တာတရားနဲ့ ငြိမ်းအေးမှုကို ပြသတဲ့အနေနဲ့ ခရစ္စမတ်နေ့မှာ နှင်းဆီဖြူ ဝေငှခြင်းကို ရန်ကုန်မြို့ရှိ St.John ကက်သလစ်ဘုရားကျောင်းမှာ ပြုလုပ်ပါတယ်။
နှင်းဆီဖြူ လှုပ်ရှားမှုဟာ ၂၀၁၉ နှစ်လယ်ပိုင်းမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်လာချိန်မှာ မေတ္တာတရားကို ပြသတဲ့အနေနဲ့ တက်ကြွလှုပ်ရှားသူတွေက စတင်ဆောင်ရွက်ခဲ့တဲ့ လှုပ်ရှားမှု တခု ဖြစ်ပါတယ်။
Photo - Thet Swe Win/ MPA










