DVB Logo
Home
မြန်မာသတင်း
ခရစ္စမတ်ရာသီ အငွေ့အသက်တွေနဲ့ လွှမ်းရတီဇော် သီချင်းသစ်- ‘ခေါင်မိုးပေါ်က ဧည့်သည်’(ရုပ်သံ)
DVB
·
December 25, 2019
ခရစ္စမတ်ရာသီ အငွေ့အသက်တွေနဲ့ လွှမ်းရတီဇော် သီချင်းသစ်- ‘ခေါင်မိုးပေါ်က ဧည့်သည်’(ရုပ်သံ)
Donate to DVB

“နှင်းတွေရယ် ကျနေတယ်… ကောင်းကင်မယ် ခေါင်းမော့ကြည့်လို့ပျော်… သိပ်အေးလွန်းတော့လည်း… အို မီးဖိုလေးနဲ့… မိသားစုများကြားမှာ ထိုင်ရင်းနဲ့မျှော်”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ ဆယ်ကျော်သက် အဆိုတော် ကောင်မလေး လွှမ်းရတီဇော် သီဆိုထားတဲ့ ခရစ္စမတ်သီချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

‘ခေါင်မိုးပေါ်ကဧည့်သည်’လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေးဆရာ ရွှေဂျော်ဂျော်က ရေးစပ်ပေးထားခဲ့ကာ လှပတဲ့ သံစဉ်တေးသွားမယ်လိုဒီ တွေနဲ့အတူ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။

“အိပ်ချင်ပြီ အမေ့ရင်ဆီ… တိုးဝင်ပြီး မှေးလို့အိပ်စက်သော်… ခေါင်မိုးပေါ်ကကွယ် ခြူလုံးသံကြားတယ်… လာတော့မယ် ဧည့်သည်… ကိုယ့်စိတ်ကပျော်”

လွှမ်းရတီဇော်လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက တချိန်က ကလေးလေးအရွယ် ‘ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင်’သီချင်းဆိုပြိုင်ပွဲစင်မြင့်ကို တကျော့ပြန်မြင် ယောင်မိကြမှာပါ။

အဲဒီအစီအစဉ်ကနေ ဂီတလောကအတွက် အရည်အသွေးပြည့်ဝတဲ့ ဂီတမျိုးဆက် သစ်တွေ များစွာမွေးထုတ်ပေးနိုင်ခဲ့ပြီး လွှမ်းရတီဇော်ကလည်း တယောက်အပါအဝင်ဖြစ် ပါတယ်။

ချစ်စရာကောင်းပြီး သွက်လက်တဲ့ ဟန်ပန်နဲ့ စီးမျောသီဆိုတတ်တဲ့ သူဟာ လက်ရှိ အချိန်ထိတိုင် သီချင်းတွေနဲ့ ဆက်လက်ရှင်သန်နေဆဲဖြစ်ကာ ခုတခါမှာတော့ ခရစ္စမတ် ရာသီ အလှအပ အငွေ့အသက်တွေနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာပါ။

“အလွန်တိတ်ဆိတ်တဲ့ည… အလွန်တိတ်ဆိတ်တဲ့ည… ခရစ္စမတ်မှာနော်… အလွန် အေးချမ်းတဲ့ည… အလွန်အေးချမ်းတဲ့ည… အားလုံးအိပ်သော်… Reindeer သမင်တွေ ရယ်… ဖိုးဖိုးကြီး Santa ရယ်… ရောက်လာလိမ့်မယ် စောင့်ကာမျှော်… လက်ဆောင်ပေး လာတော့မယ် လူတိုင်းအတွက်ပေါ့… တွေးရင်းအိပ်ပျော်”

လိုက်ဖက်တဲ့ တေးသွားသံစဉ်တွေကြား သွက်လက်ချစ်စရာကောင်းတဲ့ လှုပ်ရှားသ ရုပ်ဆောင်မှုတွေနဲ့ ဒီသီချင်းကိုတော့ Tay Than Thar Music ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013