DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံခဲ့ရမှု စွပ်စွဲခံရသူ ၃ ဦးကို အာမခံ​ပေး
DVB
·
December 24, 2019
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံခဲ့ရမှု စွပ်စွဲခံရသူ ၃ ဦးကို အာမခံ​ပေး
Donate to DVB

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး  ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးက စွပ်စွဲခံရသူ ၃ ဦးကို အာမခံ​ပေးလိုက်ပါတယ်။ 

သူတို့ ၃ ဦးကို အပြင်းထန်နာကျင်စေမှုပုဒ် ၃၂၅ အရ  တဦးကို ကျပ်သိန်း၁၀၀တန် အာမခံပေးလိုက်တာပါ။ 

သူတို့ ၃ ဦးကို လူသတ်မှု ပုဒ်မတွေနဲ့ ခရိုင်တရားရုံးက စွဲချက်တင်ခဲ့တဲ့ အပေါ် တိုင်းတရားရုံးက လူသတ်မှုပုဒ်မကနေ အပြင်းထန်နာကျင်စေမှု ပုဒ် ၃၂၅ ကို ပြောင်းလဲ အမိန့်ချခဲ့တာပါ။ ဒီပုဒ်မဟာ ဥပဒေအရ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်က သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် ၂ ဦးကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ပုဒ်မ ၃၂၅/၁၁၄ နဲ့ ပြောင်းလဲစွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးဟာ ၂ဝ၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သင်္ဃန်းကျွန်း မြို့နယ်က The One Entertainment မှာ လူတစုရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ ၂ ရက်က သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင်သုံးဦးကို ဖမ်းဆီးပြီး ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုတင်ပို့ခဲ့ကာ တရားလိုပြသက်သေတချို့ကို စစ်ဆေးခဲ့ပြီးနောက် အမှုကို ရုပ်သိမ်း ပေးခဲ့ပါတယ်။

အခုလို အမှုရုပ်သိမ်းခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013