DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၄ မြို့နယ်၌ လုံခြုံရေးကြောင့် စာစစ်ဘဏ်များပြောင်းရွေ့ရမည်
DVB
·
December 24, 2019
ရခိုင်ပြည်နယ် ၄ မြို့နယ်၌ လုံခြုံရေးကြောင့် စာစစ်ဘဏ်များပြောင်းရွေ့ရမည်
Donate to DVB

ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးအခြေအနေကြောင့် မြို့နယ်လေးခုမှာ စာမေးပွဲ မေးခွန်းတွေ သိမ်းဆည်းထားတဲ့ စာစစ်ဘဏ်တွေအားလုံး ပြောင်းရွေ့ရမယ်လို့ ရခိုင်ပြည်နယ် ပညာရေးဌာနက ပြောပါတယ်။ 

၁၀ တန်းမေးခွန်းလွှာတွေထားတဲ့ စာစစ်ဘဏ်တွေအားလုံးဟာ ရဲစခန်းတွေထဲမှာပဲ အစဉ် အဆက်ထားရှိခဲ့ကြတာပါ။ ခုချိန်မှာတော့ လုံခြုံမှုရှိတဲ့ ရဲစခန်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးနေရာပြောင်းရွေ့သွားလို့ ဒီမေးခွန်းတွေကိုထားလို့ မရတော့တဲ့ အခြေအနေ ဖြစ်ပေါ် နေပါတယ်။

ပြီးခဲ့တဲ့နှစ် စာမေးပွဲကာလကလည်း  အမ်းမြို့နယ် ရူးဖက်က ရဲကင်းစခန်းတခု မြို့ဘက်ကို ရွှေ့လိုက်တာကြောင် ၁၀ တန်းမေးခွန်းတွေထားတဲ့ စာစစ်ဘဏ်တွေ အပြောင်းအလဲလုပ်ခဲ့ရသလို ကျောင်းသားတွေဆိုရင် နေရာပြောင်းရွှေ့ရပြီး စာမေးပွဲတွေစစ်ခဲ့ရတယ်လို့ ပညာရေးမှူး က ပြောပါတယ်။ 

ဒီနှစ်မှာတော့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ အမ်းမြို့နယ်တို့ နေရာ ပြောင်းရွေ့ စာမေးပွဲစစ်ဆေးဖို့အစီအစဉ်ထဲမှာ  ပါဝင်ပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စာသင်ကျောင်း ၃ ကျောင်းကို ပိတ်ထားရဆဲဖြစ်တယ်လို့ ပညာရေးမှူးက ပြောပါတယ်။ တိုက်ပွဲတွေ အခြေအနေတွေကြောင့် ကျောင်းကိုပိတ်လိုက်ဖွင့်လိုက်လုပ်နေရလို့ သားသမီးတွေရဲ့ ပညာရေးတွေ ဆုံးရှုံးမှာ မိဘတွေစိုးရိမ်နေကြပါတယ်။

မေးခွန်းတွေကို လုံခြုံမှုရှိတဲ့နေရာကို ပြောင်းရွေ့ရသလို ကျောင်းသားတွေကိုလည်း နေရာပြောင်းရွေ့စစ်ရပြီး ဒီလိုပြောင်းရွေ့မယ့် အစီအစဉ်ထဲမှာ ကျောင်းသားဦးရေကို အတိအကျပြောလို့ မရဘူးလို့ ဆိုပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေကကောက်ယူထားစားရင်အရ လက်ရှိတိုက်ပွဲကြောင့် မြို့နယ် တချို့မှာ ကျောင်းပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ကျောင်းသား၂၇၀၀၀ လောက်ရှိပြီး အဲ့ဒီထဲမှာ ၁၀ တန်းကျောင်းသားတွေ ရာနဲ့ချီရှိ ပါဝင်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013