ညောင်ပင်သာမြို့၌ တောင်သူလယ်သမားရေးရာ နှီးနှောဖလှယ်ပွဲကျင်းပ
DVB
·
December 24, 2019

မြန်မာနို်ငငံက တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ တောင်သူလယ်သမားရေးရာနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ဖြူးမြို့နယ် တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အခြေခံ လုပ်သားများအဖွဲ့အစည်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး တောင်သူဦးရေ ၂၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါပွဲကို တက်ရောက်လာတဲ့ တောင်သူဒေါ်ခင်မိုးဝင်း က "တောင်သူလယ်သမားတွေ ဆင်းရဲကျပ်တည်းနေကြတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်မလားဆိုပြီး တက်လာခဲ့တာ နိုင်ငံတော်က စပါးစျေးကို ငါးသိန်းသတ်မှတ်ပေးတယ်။ လက်တွေ့ရောင်းရတာ သိန်းကျော်ပဲ ရှိတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်မလားဆိုပြီး တက်လာခဲ့တာ"လို့ ပြောပါတယ်။
အခု တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ဖြူးမြို့နယ်အတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပြီး ဖြူးမြို့နယ်တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အခြေခံလုပ်သားများ အဖွဲ့အစည်းကို အဖွဲ့ဝင် ၂၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)