Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်အထက်လွှတ်တော်အမတ်တွေ့ဆုံ၊ ဖွံ့ဖြိုးရေးအကူအညီ ဆက်ပေးရေး ဆွေးနွေး
DVB
·
December 24, 2019
80521478_1786217464845795_1724101409936244736_o
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ကိုမီအီတိုပါတီမှ ယာမာဂူချီနာဆူအို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံပြီး ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေ ဆက်လက်ပံ့ပိုးကူညီသွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။  ဂျပန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိချီရော့ မာရုယာမနဲ့ အတူလာရောက်ပြီး မနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။ တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုး တိုးတက်မှု အကူအညီတွေ ဆက်လက်ပံ့ပိုးကူညီသွားရေး၊ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ဂျပန်နိုင်ငံက ဆက်လက်အကူအညီ ပေးအပ်သွားရေးနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024