DVB Logo
Home
Lead Story
ဟောင်ကောင်ရုပ်ရှင် Ip Man 4: The Finale ရုံတင်မည်(ရုပ်ရှင်နမူနာ)
DVB
·
December 24, 2019
ဟောင်ကောင်ရုပ်ရှင် Ip Man 4: The Finale ရုံတင်မည်(ရုပ်ရှင်နမူနာ)
Donate to DVB

       နာမည်ကြီးဟောင်ကောင် IP Man ရုပ်ရှင်စီးရီးစ်တွေရဲ့ ၄ ကားမြောက်ရုပ်ရှင် အနေနဲ့ ထွက်ရှိလာတဲ့ Ip Man 4: The Finale ကို မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

       ဒီကားကိုတော့ အရင်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဟောင်ကောင် ရုပ်ရှင်ဒါရိုက်တာ Wilson Yip က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ဟောင်ကောင် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Pegasus Motion Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

       ဒီတခါမှာတော့ Ip Man နဲ့ သားဖြစ်သူတို့ဟာ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်ဖို့ San Francisco, United States က Bruce Lee ဖွင့်ထားတဲ့ Wing Chun ကျောင်းကို ရောက်လာပြီးတဲ့နောက်မှာ လူမျိုးရေး အသားအရောင်ခွဲခြားခံရမှု တွေ၊ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ကြရတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့နာမည်ကြီးဟောင်ကောင်စတန့်သရုပ်ဆောင်မင်းသား Donnie Yen ၊ Wu Yue နဲ့ Scott Adkins တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

       ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၅၂ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.7 အထိ ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

       ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013