DVB Logo
Home
မြန်မာသတင်း
သူနာပြု ၈၀၀ ကျော်ကို တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ခန့်အပ်
DVB
·
December 23, 2019
သူနာပြု ၈၀၀ ကျော်ကို တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ခန့်အပ်
Donate to DVB

သူနာပြု သားဖွား ဒီပလိုမာ သင်တန်းဆင်း သစ်လွင်သူနာပြု အယောက် ၈၀၀ ကျော်ကို ကုသရေးဦးစီးဌာနက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ခန့်အပ်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ အမိန့်စာအရ သူနာပြု ၈၂၉ ယောက်ကို ခန့်အပ်တာဖြစ်ပြီး ကယားပြည်နယ်မှာတော့ တယောက်ပဲ တာဝန်ချထားတာကို တွေ့ရပါတယ်။

အများဆုံးခန့်လိုက်တာကတော့ ဧရာဝတီတိုင်းကို ဖြစ်ပြီး စုစုပေါင်း ၁၁၂ ယောက်ခန့်အပ် လိုက်တာပါ။ ဒုတိယ အများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်ကိုတော့ ၁၁၁ ယောက် ခန့်အပ်ထားတာကို တွေ့ရပါတယ်။

ပုံမှန်ခန့်အပ်တာတွေအပြင် အထူးကိစ္စရပ်အဖြစ် ၉၅ ယောက်ခန့်ထားပြီး မွန်ပြည်နယ်ကို ၈ ယောက်၊ ရခိုင်ပြည်နယ်ကို ၇ ယောက်၊ ရန်ကုန်တိုင်းကို အယောက် ၂၀၊ ရှမ်းပြည်နယ်ကို အယောက် ၄၀ နဲ့ ဧရာဝတီတိုင်းကို အယောက် ၂၀ ခန့်လိုက်ပါတယ်။

သူနာပြုအနည်းဆုံးရလိုက်တာကတော့ ကယားပြည်နယ်ပြီးရင် ချင်းပြည်နယ်ဖြစ်ပြီး ၃ ယောက်ပဲ ခန့်ထားပါတယ်။ ပြီးတော့ နေပြည်တော်မှာလည်း ၅ ယောက်ပဲ ခန့်ထားပါတယ်။

နောက်ထပ်တိုင်းနဲ့ ပြည်နယ်အလိုက် စစ်ကိုင်းတိုင်းမှာ ၉၉ ယောက် ခန့်ထားပြီး ကချင်ပြည်နယ်မှာ ၃၉ ယောက်၊ ကရင်ပြည်နယ်မှာ ၁၄ ယောက်၊ တနင်္သာရီတိုင်းမှာ ၃၉ ယောက်၊ မကွေးတိုင်းမှာ အယောက် ၄၀၊ ရခိုင်ပြည်နယ်မှာ စုစုပေါင်း ၅၁ ယောက်၊ ပဲခူးတိုင်းမှာ ၉၅ ယောက်၊ မွန်ပြည်နယ်မှာ စုစုပေါင်း အယောက် ၃၀၊ မန္တလေးတိုင်းမှာ ၈၈ ယောက်၊ ရန်ကုန်တိုင်းမှာ စုစုပေါင်း ၁၀၂ ယောက်ခန့်အပ်လိုက်ပါတယ်။

သူတို့တွေဟာ လစာငွေ တလ ကျပ် ၁၉၈၀၀၀ ကနေ စရကြမှာဖြစ်ပြီး စားစရိတ် ကျပ် ၂၀၀၀၀၊ ဝတ်စုံစရိတ် ကျပ် ၂၀၀၀ စီရမှာဖြစ်ပါတယ်။

ခန့်အပ်ခံရသူတွေအနေနဲ့ အလုပ်ကို မြန်မြန်ဝင်ကြဖို့နဲ့ အစိုးရအမှုထမ်းအဖြစ် ၃ နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ကြရမယ်လို့လည်း အမိန့်စာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013