DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒုက္ခသည်များအတွက် စစ်တွေတွင် အိမ်ရာများ ဆောက်လုပ်နေ
DVB
·
February 11, 2013
ရခိုင်ဒုက္ခသည်များအတွက် စစ်တွေတွင် အိမ်ရာများ ဆောက်လုပ်နေ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်နဲ့ ဇူလိုင်လတွေမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခထဲမှာ အိမ်ရာတွေ မီးရှို့ခံလိုက်ရတဲ့ ရခိုင်မိသားစုတွေအတွက် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တဖက်ကမ်းရှိ စက်မှုဇုန်ရွာ မြေယာလွတ်တွေမှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။

ရွှေတောင်ဦးကုမ္ပဏီက ဆောက်လုပ်ရေး ၀န်ထမ်းတဦးက “ရွှေတောင်ဦးကုမ္ပဏီကပါ။ ဆောက်နေတာ ၃ ရက်တော့ ရှိပြီ။ နေပြည်တော်က ဒီဇိုင်းနဲ့ ဆောက်နေတယ်။ ပုံစံက အကြမ်းဖျင်းအားဖြင့် ၇ ပေ*၉ ပေ သွပ်မိုး ၀ါးထရံကာနဲ့ ပျဉ်ခင်းပါ။ တန်ဖိုးက သိန်း ၄၀ ကျော်ကျော်လောက် ရှိတယ်။ ဘယ်နေ့ပြီးမလဲဆိုတော့ အိမ်အလုံး ၂၀ ကို ၁ လလောက်ပေါ့။ အခုလောလောဆယ်တော့ ဘာအခက်အခဲမှမရှိဘူး။”

ရွှေတောင်ဦး ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေတဲ့ အိမ် ၁ လုံးရဲ့ တန်ဖိုးကို အစိုးရက ကျပ်ငွေ သိန်း ၄၀ အကုန်ကျခံဆောက်လုပ်မှာဖြစ်ပြီး အခု ပမထအကြိမ်အနေနဲ့ အိမ်အလုံး ၆၆၉ လုံး ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

အခု ပြန်လည်နေရာချထားရေး အစီအစဉ်ဟာ ပထမဆုံး အကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး အိမ်ဆောက်လုပ်ရေး စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရ၊ မြို့နယ်စည်ပင်သာယာ တို့က ပူပေါင်း အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် စစ်တွေမြို့ တရားသီးစု၊ ကုန်တန်း၊ စက်ရုံစု၊ အနောက်စံပြ၊ မကျည်းမြိုင်၊ မင်းဂံ၊ ကျောင်းကြီးလမ်း၊ ဓညဝတီနဲ့ ရွှေပြားရပ်ကွက်တွေက ပြည်သူတွေဟာ အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်၊ ဇူလိုင်နဲ့ နိုဝင်ဘာလတွေအတွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် ရခိုင်နဲ့ ဘဂါင်္လီ အိမ်ထောင်စု တသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013