DVB Logo
Home
မြန်မာသတင်း
ထိုင်းမော်တော်ကားအပိုပစ္စည်းစက်ရုံပိတ်သိမ်း၊ မြန်မာလုပ်သား ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ် 
DVB
·
December 23, 2019
ထိုင်းမော်တော်ကားအပိုပစ္စည်းစက်ရုံပိတ်သိမ်း၊ မြန်မာလုပ်သား ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ် 
1 / 3
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆမွတ်ဆာခွန်းခရိုင်၊ ကထုန့်ပဲန်မြို့နယ် အုမ်းနွဲ့ရပ်ကွက်ရှိ ပီစီအာရ် မော်တော်ကားတာယာနဲ့ ကားအပိုပစ္စည်းစက်ရုံဟာ ဒီနေ့မနက်မှာ ရုတ်တရက် စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက်   မြန်မာလုပ်သား ၂၀၀ ကျော်အပါအဝင် အလုပ်သမားပေါင်း ၁၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားရပါတယ်။ 

အလုပ်သမားတွေဟာ ဒီမနက်အလုပ်ဆင်းဖို့ စက်ရုံကိုရောက်လာစဉ် စက်ရုံ ပိတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက် ကပ်ထားတာတွေ့ရသလို  အထဲကိုလည်း ဝင်ခွင့်မပြုတော့တာကြောင့် ရာနဲ့ချီတဲ့အလုပ်သမားတွေဟာ ရှေ့ဆက်ဘယ်လိုလုပ်ရမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး စက်ရုံရှေ့မှာ စုဝေးတိုင်ပင် ခဲ့ကြပါတယ် ။ 

စက်ရုံကတော့ အလုပ်သမားတွေရဲ့ ဒီဇင်ဘာလအတွက် လုပ်အားခအသီးသီးကို ဒီလ ၂၅ ရက်နေ့မှာ သူတို့ဘဏ်စာအုပ်တွေထဲ လွှဲပေးမယ်လို့ ပြောထားကြောင်း ၊ လောလောဆယ် လုပ်သက်နစ်နာကြေးနဲ့ အလုပ်ပြန်လည်လျှောက်ထားနိုင်ရေးကိစ္စတွေကို ထိုင်းအလုပ်သမားသမဂ္ဂ နဲ့တိုင်ပင်ဆွေးနွေးနေတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်  မှုခင်းရေးရာနဲ့စည်းရုံးရေးတာဝန်ခံ ကိုစိုင်းစိုင်းက ပြောပါတယ်။ 

“ဒီစက်ရုံက ပိတ်မယ်ပိတ်မယ်ပြောနေတာအရင်လကတည်းက၊ သူတို့ အဆင်မပြေတဲ့ အကြောင်း၊ အလုပ်သမားတွေလျှော့မယ့် အကြောင်းပေါ့၊ ဒီနေ့မှ ကြေညာချက်ထုတ်ပြန် ပိတ်လိုက်တာ။ ကျနော်တို့ အလုပ်သမားသမဂ္ဂနဲ့ ပေါင်းပြီးဆွေးနွေးကြတော့ အလုပ်ရှင်က နစ်နာကြေးတွေ တခါတည်းပေးမယ်ပြောတယ်။ ပြီးတော့ အလုပ်ပြန်လုပ်ချင်တဲ့သူတွေ ပြန်ရွေးပြီး ခန့်မယ်ပေါ့နော်။ အဲဒါအမှန်တကယ် လုပ်မလုပ်စောင့်ကြည့်ရမှာဖြစ်တယ်ခင်ဗျ။ အကုန်လုံးတော့ ယူမှာ မဟုတ်တော့ဘူး။”

ထိုင်းနိုင်ငံရဲ့ စီးပွားရေးကြောင့် ခုနှစ်ကုန်ပိုင်းမှာ စက်ရုံအလုပ်ရုံ ပိတ်သိမ်းတဲ့သတင်းတွေ မကြာခဏကြားနေရတာပါ

ရွေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့အနေနဲ့ သွားရောက်ကူညီပေးခဲ့ရတဲ့ အလုပ်ရုံပေါင်း ၄ ရုံရှိပြီး အလုပ်ပြုတ်သွားတဲ့မြန်မာလုပ်သားပေါင်း  ၁၀၀၀ လောက်ရှိတယ်လို့ ကိုစိုင်းစိုင်းက ဆက်ပြောပါတယ်။ 

“ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီ ဒီဇင်ဘာလ နှစ်လထဲမှာတင် စက်ရုံပိတ်သွားလို့ အလုပ်ပြုတ်ခဲ့ရတဲ့ မြန်မာအလုပ်သမားက တစ်ထောင်နီးပါးရှိတယ်ခင်ဗျ။ အယုဒ္ဓယ၊ နခွန်းပထုန်၊ ချွန်းပူးရီးနဲ့ ဒီဆမွတ်ဆာခွန်း ခရိုင်တွေမှာပေါ့။ စက်ရုံပိတ်သိမ်းတော့ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲက ၁၅ ရက်အတွင်း အလုပ်ရှင်သစ်အပြေးအလွှားရှာရတယ်။၊ မရှာနိုင်ရင်တော့ ပြည်တော်ပြန်ရမယ့် အနေအထားရှိတယ်။ အမ်အိုယူအလုပ်သမားတွေဆိုရင် အလုပ်ရှင်သစ် အလုပ်သစ် အကူးအပြောင်း ကာလ သက်တမ်းပြန်ဆက်ရတော့ အလုပ်ရှုတ်လို့ စက်ရုံက သူတို့ကိုသိပ်မခန့်ချင်ဘူး။”

ထိုင်းနိုင်ငံရဲ့အခြေအနေအရ စက်ရုံအလုပ်ရုံပိတ်သမ်းရင် မိမိအလုပ်သမားတွေ အနေနဲ့ ဘာမှမတတ်နိုင်ပေမယ့် ရသင့်ရထိုက်တဲ့ အလုပ်သမားခတွေ၊ နစ်နာကြေးတွေ ပြန်လည်ရရှိအောင်၊ အလုပ်သစ်တွေ ကူညီရှာဖွေနိုင်အောင် စည်းစည်းလုံးလုံးရှိဖို့ လိုအပ်ကြောင်း ကိုစိုင်းစိုင်းက တိုက်တွန်းပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013