DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ရေး စိတ်ရင်းစေတနာမှန် ထားရှိစေလို 
DVB
·
December 23, 2019
လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ရေး စိတ်ရင်းစေတနာမှန် ထားရှိစေလို 
Donate to DVB

မြန်မာနို်ငငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးအပေါ် စိတ်ရင်း စေတနာမှန်တွေထားဖို့လိုအပ်တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒု ဥက္ကဋ္ဌ ရှေ့နေချုပ်  ဦးထွန်းထွန်းဦးက ပြောပါတယ်။

၈ ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရနဲ့ NCA-SEAO အပစ်ရပ် လက်မှတ်ထိုးအဖွဲ့တွေ ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ NRPC ရုံးမှာ ပြုလုပ်တဲ့ အကြိုညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

သမိုင်းရှည်ကြာ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖြေရှင်းနိုင်ဖို့ အားလုံးလက်ခံ သဘောတူတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တရပ်ကို ၂၀၂၀ ရွေးကောက်ပွဲအလွန်ထိ မျှော်မှန်းချမှတ် နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးဘက်အားလုံးမှာ တာဝန်ရှိပြီး တာဝန်ယူရမယ်လို့ ပြောသွား ပါတယ်။

ဒါ့ကြောင့် စိတ်ရင်းစေတနာမှန်တွေကသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ခြင်း ရှိမရှိ သက်သေခံနေမှာလို့ ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်မိန့်ခွန်းမှာ ပြောဆိုပါတယ်။

အဆိုပါဆွေးနွေးပွဲကိုတော့ အန်စီအေအပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ 

ပုံမှန်အတိုင်းဆိုရင် JICM အစည်းအဝေးတွေဟာ ၃ လတကြိမ် ကျင်းပရမှာ ဖြစ်ပေမယ့် တစ်နှစ်ကျော်ကြာတဲ့အထိ ကျင်းပနိုင်ခဲ့ခြင်းမရှိတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အတည် ဖော်ရေး လုပ်ငန်းစဉ်တွေရော ငြိမ်းချမ်းရေး ဆွေးနွေဘက်တွေအတွက်ပါ ကောင်းတဲ့အလားအလာ မဟုတ်ဘူးလို့ EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ 

JICM အစည်းအဝေးကို မကြာမီကာလအတွင်း ကျင်းပနိုင်ဖို့အတွက် JICM အစည်းအဝေးမှာချမှတ်မယ့် သဘောတူညီချက်တွေကို နှစ်ဖက် ကြိုတင်ညှိနှိုင်းဖို့၊ ရပ်နားထား တဲ့ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ၊ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ဖို့၊ NCA ရဲ့အဓိက ယန္တရားဖြစ်တဲ့ UPDJC နဲ့ JMC အစည်းအဝေးတွေ ပြန်လည်စတင်ပြီး ညီလာခံလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အရေးကြီးတဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကတော့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကိုပါ တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်းအောင် လုပ်သွားမယ်လို့ ထည့်သွင်းပြောခဲ့ပါသေးတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013