DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၄၀၀၀ ခန့် ဖမ်းမိ
DVB
·
December 23, 2019
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းနဲ့ ကနောင်မင်းသားကြီး လမ်းထောင့်မှာ ဒီဇင်ဘာ ၂၂ ရက်က ကျပ် တစ်သောင်းတန် ငွေစက္ကူအတု ၃၉၆၈ ရွက်ကို ကားတစီးပေါ်ကနေ ဖမ်းဆီးရမိခဲ့ပါတယ်။

ငွေစက္ကူအတုနဲ့အစစ်  လဲလှယ်မည်ဆိုတဲ့သတင်းရရှိလို့ ရန်ကုန် - မန္တလေး လမ်းဟောင်း တည်းခိုခန်းတစ်ခုရှေ့က နေစောင့်ဆိုင်းပြီး မသင်္ကာသူ ၅ ဦးလိုက်ပါလာတဲ့ AD Van အမျိုးအစားအဖြူရောင်ကားတစီး တည်းခိုခန်းကထွက်သွားတာကို နောက်ယောင်ခံလိုက်ခဲ့ပြီး ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ် ကနောင်မင်းသားကြီးလမ်းဆုံရှိ မီးပွိုင့် မီးနီချိန်မှာ ရပ်တန့်နေစဉ် ဖမ်းဆီးခဲ့လို့ ပြည်ကြီးတခွန် မြို့နယ် ဒုရဲမှူးအောင်းထူးက ပြောပါတယ်။

“တိုင်းအမှု အကူအဖွဲ့ကဖမ်းတာဖြစ်ပြီး ငွေစက္ကူအတုလုပ်တဲ့အဖွဲ့ကို ဖမ်းတာပါ။ ငွေစက္ကူအတုကို အစစ်နဲ့ အရောင်းအဝယ်လုပ်မယ့် သူတွေပါ။ အဲဒါကြောင့် တိုင်းအဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့တာပါ။ အခုလို ဖမ်းဆီးပြီးတော့ ကျနော်တို့ပြည်ကြီးတခွန် နယ်မြေရဲစခန်းကိုလာပြီး အမှုဖွင့်တာပါ။”

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ငွေစက္ကူအတုတွေ ဖမ်းဆီးရမိခဲ့တဲ့ ဝေယံမင်းခင် (ခ) ဝေယံ ပါ (၅) ဦးတို့ကို စက်မှုနယ်မြေရဲစခန်းက ၂၀၁၃ခုနှစ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ - ၁၀၆/၁၀၇ အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013