DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း ၄ မြို့နယ်၌ မိုးခေါင်၍ ကင်းတားဆည်က နွေစပါးအတွက် ရေမပေးနိုင်
DVB
·
December 22, 2019
မန္တလေးတိုင်း ၄ မြို့နယ်၌ မိုးခေါင်၍ ကင်းတားဆည်က နွေစပါးအတွက် ရေမပေးနိုင်
1 / 4
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်နဲ့ တံတားဦးမြို့နယ်တွေက  လယ်မြေတွေအတွက် စိုက်ပျိုးရေပေးဝေနေတဲ့ ကင်းတားဆည်ဟာ အခုနှစ်မှာ မိုးခေါင်ပြီး ရေဝင်နည်းတာကြောင့် ၂၀၂၀ နွေရာသီမှာ စိုက်ပျိုးမယ့် သီနှံတွေအတွက် ရေမပေးနိုင်တော့ဘူးလို့ ကင်းတားတမံ ဆည်မြောင်းဦးစီးဌာနက သိရပါတယ်။



ကင်းတားတမံဆည်မြောင်းဦးစီးမှူး ဦးထင်ကျော်လင်းက “ကင်းတားဆည်ထဲမှာ ရေ ဧကပေ နှစ်သိန်းသုံးသောင်းကျော်လောက် ရှိနေပါတယ်။ နွေရောက်ရင် အညာဒေသ ဆိုတော့ ရေခက်ခဲတယ်။ လူနဲ့ ကျွဲ၊ နွား သုံးရေအတွက် ရေ ဧကပေ နှစ် သောင်းချန်ထားတယ်။ ၂ လပိုင်းလောက်ဆို လူနဲ့ ကျွဲ၊ နွား သုံးရေ တောင်းလာကြတယ်။ အဲဒီအခါ ရေမြောင်းထဲကို ရေလွှတ်ပေးရတယ်။ ရေဧကပေ တသိန်းခွဲက ၂၀၂၀ ဇွန်လ ၁၅ ရက်လောက်မှာ မိုးစပါး ပျိုးထောင်ရေ ပြန်ပေးဖို့ ချန်ထားတာပါ။ ရေဧကပေ ခြောက်သောင်းကတော့ ဆည်မပျက်အောင် ထားရတဲ့ ဆည်စောင့်ရေပါ။ ဒီနှစ်က မိုး အတော်ခေါင်သွားတယ်” လို့ ပြောပါတယ်။



ကင်းတားဆည်ကနေ ရေအားလျှပ်စစ်ထုတ်ရင်း မြို့နယ် ၄ မြို့နယ်က  လယ်ယာတွေကို ကင်းတားမြောင်းမကြီးကနေ လက်တံမြောင်း (DY) ၃၄ ခုနဲ့  ရေပေးဝေနေတာ ဖြစ်ပါတယ်။

လက်ယာရေပေးစနစ်၊ လက်ဝဲရေပေးစနစ်နဲ့ ပန်းလောင်ရေပေးစနစ် ဆိုပြီး ရေပေးစနစ် သုံးမျိုးနဲ့ လယ်ယာမြေတွေကို စိုက်ပျိုးရေ ပေးဝေနေတာဖြစ်ပြီး မြောင်းမကြီးနဲ့ လက်တံမြောင်းတွေ မမီတဲ့ လယ်ယာမြေတွေကို ရေလှောင်ကန်စနစ်၊ ရေတင်စနစ်  နှစ်မျိုးနဲ့လည်း ရေပေးဝေပါတယ်။

ခုလို ဆည်ကနေ ရေဖြတ်တောက်လိုက်တဲ့အတွက် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ ဒေသခံ တောင်သူလယ်သမားတွေက ပြောပါတယ်။ 

ကင်းတားဆည်ရေသုံး စိုက်ပျိုးတဲ့ ဒေသခံတောင်သူ ဦးဆန်းဝင်းက “ကင်းတားဆည်က ဒီဇင်ဘာ ၈ ရက်မှာ ရေဖြတ်လိုက်တယ်။ မြောင်အရင်းမှာ စိုက်ပျိုးတဲ့ လယ်တွေကတော့ စပါးအောင်ကြပါတယ်။ မြောင်းဖျားက လယ်တွေကတော့ အထွက်နှုန်း ကျကုန်မယ်။ အရင်းနဲ့ အဖျား လယ်တဧကကို တင်း ၃၀ လောက် စပါးအထွက် ကွာခြားတယ်။ ရေအလုံအလောက်ရတာနဲ့ မရတာ ကွာခြားတာပါပဲ” လို့ ပြောပါတယ်။

နွေစပါးစိုက်ဧက တသိန်းလောက်နဲ့ တခြားသီးနှံ စိုက်ဧက ငါးသောင်းကျော်လောက် ၂၀၂၀ နွေရာသီမှာ မစိုက်နိုင်တော့လို့ စပါးစျေးတွေ တက်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။



မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013